အောင် ကျော် ထွေး မှ ကြို ဆို ပါ တယ်

HTML Marquees

Get Blogger Falling Objects

Sunday, October 9, 2011

နည်းပညာများ

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ  ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။  ပထမဆုံးတစ်ခု  က Spypig ပါ။

၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။

၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။

၃ ။ Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။

၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။

၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
 
အင်တာနက်မှာ စိတ်ကွယ်ရာမရှိပါဘူး။
www.4shared.com က သိတဲ့အတိုင်းပဲ ပိတ်ထားတယ်လေ။ အဲဒီတော့ အခုလို ၀င်လိုက်တယ်။
Start>Run ထဲမှာ cmd လို့ ရိုက်ပြီး Enter ခေါက်လိုက်တယ်။
ပြီးတော့ ping www.4shared.com ဆိုပြီး ရိုက်ပြီး Enter ခေါက်လိုက်တယ်။ အဲဒီအခါမှာ Pinging
www.4shared.com [72.233.72.144] with 32 bytes of data: ပေါ်လာတယ်။ အဲဒီ့ 72.233.72.144
က 4shared ရဲ့ IP လေ။
Firefox ကိုဖွင့်ပြီး address bar မှာ 72.233.72.144 လို့ရိုက်ပြီး Enter ခေါက်လိုက်တာ
4shared.com Site ကြီး ပွင့်လာပါရော။
တခြားပိတ်ထားတဲ့ Site တစ်ချို့ကိုလည်း ဒီနည်းလေးနဲ့ စမ်းကြည့်လို့ရပါတယ်။

 


Gtalk မှာဝင်ခဲ့တဲ့နာမည်တွေ မပေါ်အောင်
 
ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်
ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။
ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username
မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့ လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။
(ကျွန်တော်ဆိုရင် username မှာ as password မှာ as နှိပ်ပြီးနောက်
လူတွေမမြင်ရအောင်ပိတ်ခဲ့ပါတယ်။)ကျွန်တော်တစ်နေ့က registery ထဲဝင်
ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ
registery မှာ
Gtalk ကိုဘယ် user တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။

(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့
gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့ ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလို
လုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး
ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ
regedit ရိုက်ထည့်ပါ။ အဲဒီကနေ
HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts
ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။
Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။
ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့

အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား
အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။
အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ်
click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။
ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ်)

 

BlackGhost နဲ့ york တို့ Cbox မှာ အော်ထားလို့ လုပ်နည်းလေးတစ်ခုကို
ဖော်ပြပေးလိုက်ပါတယ်။ Network နဲ့ မရင်းနှီးသေးသူတွေအတွက်တော့ အိမ်သုံး၊
ရုံးသုံး ကွန်ရက် လက်တွေ့တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်လေးရေးပြီးတော့မှပဲ
လက်ဆောင်ပေးတော့မယ်။
ကိုယ့် Network အတွင်းမှာရှိတဲ့ တခြားကွန်ပျူတာတွေကို
ထိန်းချုပ်တဲ့နည်းတွေ မြောက်မြားစွာ ရှိပါတယ်။
တခြားကွန်ပျူတာဘာလုပ်နေတာကအစ ထိုင်ကြည့်လို့ရတဲ့ Program တွေလည်း
မြောက်မြားစွာရှိပါတယ်။ Local Chat (Text, Voice) ၊ Local Mail၊ Local
Intranet စတာတွေလည်း ဖန်တီးလို့ ရပါသေးတယ်။ နောက်ပိုင်းမှာ
တစ်ခုချင်းရေးတင်သွားပါ့မယ်။ (နောက်မှတွေများနေပြီနဲ့တူတယ်)
အခုတော့ တခြားကွန်ပျူတာတွေမှာ သုံးနေတဲ့ Program တွေကို
လှမ်းပိတ်တဲ့နည်းလေး တင်လိုက်ပါတယ်။ တစ်ခုလောက်တောင်းဆိုချင်တာက
ဒီနည်းလမ်းကို အသုံးချပြီး သူတစ်ပါးကို အနှောင့်အယှက်မပေးပါနဲ့။
အထူးတောင်းဆိုလိုပါတယ်။
၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
၂။ တခြားကွန်ပျူတာမှာ run နေတဲ့ Program list ကို ကြည့်နိုင်ဖို့
tasklist command ကို သုံးရပါ့မယ်။ Parameter တွေ ခံရပါမယ်။ tasklist /s
computername လို့ ရိုက်ပါ။ computername နေရာမှာ ကိုယ်ဆက်သွယ်မယ့်
ကွန်ပျူတာရဲ့ name ကို ထည့်ရပါမယ်။
၃။ ဒါဆိုရင် အဲဒီ ကွန်ပျူတာမှာ run နေတဲ့ program list တွေ ပေါ်လာပါပြီ။
၎။ လှမ်းပိတ်နိုင်ဖို့အတွက် taskkill command ကို ထပ်သုံးရပါ့မယ်။
၅။ taskkill /s computername /im programname ပါ။
၆။ programname နေရာမှာ ပိတ်ချင်တဲ့ program name ကို ရိုက်ရပါမယ်။ ဥပမာ
notepad.exe
ခဏလောက် စောင့်ကြည့်ပါ။ ပြီးရင် အဲဒီကွန်ပျူတာ ကိုင်တဲ့သူ ငါ့ကွန်ပျူတာ
ဘာဖြစ်သွားတာပါလိမ့်ဆိုတဲ့ မျက်နှာကြီးကို စပ်ဖြီးဖြီးနဲ့
ကြည့်နေလိုက်ပေါ့။

network မှတဆင့် ပြုပြင်ခြင်းတဲ့...

Original writer : ကိုပြည့်စုံ
Super Copy write : Mr.Zaw
 
ကျွန်တော်က ပထမဦးဆုံးပြောမယ့် အကြောင်းကတော့ logmein ဆိုတဲ့ ဆော့ဝဲလေး အကြောင်းပါ။
ဒီဆော့ဝဲလေးက နိုင်ငံတွေ ဘယ်လောက်ပဲ ကွာဝေးနေပါစေ လှမ်းပြီးတော့ ကိုယ့်ရှေ.မှာသုံးနေတဲ့
ကွန်ပြူတာလိုမျိုး အဝေးကနေ ကိုင်တွယ်ပြီး ပြသနာတွေကို ဖြေရှင်း ပြင်ဆင်ပေးလို. ရပါတယ်။
တခုကြိုပြောချင်တာက ဒီဆော့ဝဲလေး အကြောင်းကို နားလည်သွားရင်

ဘယ်သူကိုမှသွားပြီး ဒုက္ခ မပေး ဖို.ပါဘဲ။ အဲဒီအတွက် ကြိုပြီး ပြောထားပါရစေ။
၁။ www.logmein.com ကိုဝင်ပါ။ ပြီးရင် Download logmein free ဆိုတဲ့ အစိမ်းရောင် အကွက်လေးကို ကလစ်လုပ်ပါ။ ပြီးရင် အီးမေးလ် တို. ဘာညာတို. ရိုက်ပြီး အကောင့် ဖွင့်ပါ။ ပြီးရင် Go ကို နှိပ်။
၂။ ပြီးရင် add computer ကို ထပ်နှိပ်။ ပြီးရင် ဆော့ဝဲကို ဒေါင်းလော့ဆွဲပါ။
၃။ ပြီးရင် ဆော့ဝဲကို Run လိုက်ပါ။ Next =>  I agree =>  typical =>  Next => Next=>
computer access code ဆိုပြီးတောင်းရင် ပေးချင်တဲ့ password 8 လုံးပေးလိုက်ပါ။

အောက်မှာလည်း အဲ ဒီ 8 လုံးပဲ ပြန်ရိုက်။
{ကိုပေးထားတာတော့ မှက်ထားဦးနော်။}

၎။ Email တောင်းရင် ခုနက အကောင့် ဖွင့်တုန်းက ပေးခဲ့တဲ့ အီးမေးကို ပြန်ထည့်။
password ကလဲ အကောင့်ဖွင့်တုန်းကပေးတဲ့ password ပဲ။ ပြီးရင် Next ကို မနှိပ်နဲ.ဦး။
logmein freee
ဆိုတာရွေးပေးလိုက်ဦး။ ပြီးမှ Next လုပ်။
၅။ အင်စတောလုပ်ပြီးသွားရင် Restart ချရလိမ့်မယ်။ ဒါဆိုရင် ပြီးသွားပါပြီ။
Task Bar ရဲ့ ညာဘက်အောက်မှာ ခွေးခြေရာ ပုံလေးပေါ်နေပါလိမ့်မယ်။
၆။ အဲဒီ ကွန်ပြူတာကို ဖွင့်ထားပြီး တခြားကွန်ပြူတာကနေပြီး အင်တာနက်က www.logmein.com ဆိုတဲ့ ၀က်ဆိုဒ်ကို ပြန်ဝင်-
၇။ ၀တ်ဆိုဒ်ရဲ့ ညာဘက် ထိတ်နာမှာ Email မှာ ကိုယ်အကောင့်ဖွင့်ထားတဲ့ အီးမေးလ် ရိုက်ထည့် ၊ ပြီးရင် Password ပေါ့။ Enter
ကျန်တာတွေကတော့ ကိုယ့်ဘာသာစမ်းလို.ရလိမ့်မယ်လို. ထင်ပါတယ်။
ပညာရှိုတာမဟုတ်ပါဘူး။ နောက်ဟာတွေက အရမ်းလွယ် နေလို.ပါ။
နိုင်ငံရပ်ခြားက ကွန်ပြူတာတွေကို ကိုယ့်နေရာကနေပြီး လှမ်းပြင်နိုင်ပါစေဗျာ...



  {နောက်ထပ် Log Mein လိုဘဲကောင်းတာလေး နောက်တစ်ခုရှိသေးတယ်ဗျ၊ အဲဒါကတော့

Team Viewer ဆိုတာပါဘဲဗျာ။ URL ကတော့ http://www.teamviewer.com ဆိုတာပါဘဲ}
မိမိဆီလာတဲ့အီးမေးကို  ဘယ်နိုင်ငံကလဲသိချင်လား
မိမိဆီလာတဲ့ အီးမေးလ်ကို ဘယ်ကလာသလဲ ရှာကြည့်လို့ရပါတယ်။ Gmail,Yahoo mail နဲ့
Outlook mail တွေမှာ ရှာကြည့်မယ်။

Gmail

အရင်ဆုံး mail log in လုပ်ရပါမယ်။

မိမိ သိလိုတဲ့ မေးလ်ကိုဖွင့်ပြီး ညာဘက်အပေါ်နားက
reply botton ကိုရှာကြည့်ပါ။

သူ့ဘေးမှာ တြိဂံဇောက်ထိုးပုံလေး တွေ့ပါမယ်။ အဲဒါလေး နှိပ်ပြီး show original ကိုရွေးလိုက်ပါ။

ပေါ်လာတဲ့ technical page မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါ။

မေးလ်ပို့သူရဲ့ ip address ကိုတွေ့ရပါမယ်။

Yahoo mail

mail login ၀င်ရပါမယ်။

သိချင်တဲ့ မေးလ်ကိုဖွင့်ပြီး ညာဘက်အောက်နားက full header ကိုနှိပ်လိုက်ပါ။

ပေါ်လာတဲ့ technical page မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါ။

ဒါဆို ip တွေ့ရပါပြီ။

Outlook mail

Outlook mail ကိုဖွင့်ပါ။

view\option ကိုသွားပြီး internet header box မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါဦး။

ရလာတဲံ ip ဟာ ဘယ်ကလာသလဲ ရှာကြည့်ပါမယ်။

ဒီဆိုဒ်က ip နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှာနိုင် သိနိုင်ပါတယ်။

တစ်ခါတစ်လေ ip address သိဘို့ လိုအပ်ခဲ့ရင် ဒီနည်းလေးက အထောက်အကူပြုမှာပါ

ဂျီတော့ ၂ ခုဖွင့်နည်း

မနေ့တုန်းက သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ဂျီတော့ က ၂ ခု ဖွင့်လို့ရတယ်တဲ့။ ကိုယ်ကတော့ စိတ်မ၀င်စားတော့ သိပ်မစမ်းဘူး။ သူကတော့ ကိုယ်တိုင်လုပ်ပေးသွားတယ်။ Start Menu ထဲက ဂျီတော့ icon လေးကို right click လုပ်လိုက်ပါ။ ပြီးရင် properties ကို နှိပ်လိုက်ပါ။ ဒါဆို box တစ်ခုကျလာပါလိမ့်မယ်။ Target နေရာက နောက်ဆုံးစာလုံးမှာ startmenu အစား nomutex ဆိုပြီး ရိုက်လိုက်ပါ။ ဒါဆို ဂျီတော့ကို ၂ ခုမက ဖွင့်လို့ရပြီး ကြိုက်သလိုက်ချက်လို့ရပြီပေါ့။
  
M :: M :: G   Myanmar Multiply Group  တွင်ဖော်ပြထားသော post ကို ပူရင်အတိုင်း ပြန်လည်တင်ပြပေးလိုက်တာပါ....... မူရင်းကိုဖက်ချင်ရင်တော့   http://multiplygroups.multiply.com/journal/item/634  အခုပေးထားတဲ့ လင့်မှာဖက်လို့ ရပါတယ်

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။



Blog Entry How to make DDos Attack Aug 21, '09 5:30 AM
for everyone
 Denial-of-Service attack (DDos) ဆိုတာကို ဘယ်လိုလုပ်ရမလဲလို့မေးကြလွန်းတဲ့ ပုဂ္ဂိုလ်တွေအတွက် တင်ပေးလိုက်တာပါ။ super scan ဆိုတဲ့ software လေးနဲ့ site address ကို scan ဖတ်လိုက်ရင် server ရဲ့ IP ရမယ်။ Server Attack ဆိုတဲ့ software လေးထဲကို အဲ့ဒီ server ip ကိုထည့်ပြီး start ဆိုတာကိုသာနှိပ်လိုက်။ တော်ရုံတန်ရုံဆိုဒ်တော့ ၁၀မိနစ်ပဲ။ server attack software ကို အခု၂၀လောက်ဖွင့်ပြီး ip ထည့် start သာနှိပ်ထားလိုက်။ သေရောကျေရော ၁၀မိနစ်ပဲ။ ကိုယ့် ip ကိုတော့ hide ထားနော်။ ငါ့ဆိုဒ်က
ddos လောက်တော့သနားတယ်ဆိုတဲ့ ဆရာကြီးတွေလည်း အောက်မှာကွန်မန့်ပေးသွားလို့ရတယ်နော်။ အတိုက်ခံချင်တယ်ဆိုလည်းပြောသွားပေါ့ :P ။ မာတီကလူတွေကတော့ ကိုအုန်းသီး ဖိုရမ်ကိုသာတိုက်။သူကစိတ်မဆိုးတတ်ဘူး။
  Dos.zip
g mail acc ကိုဘယ်လိုဖျက် မလဲ
အလကားရတိုင်း account တွေအများကြီးဖွင့်ပြီး စိတ်ရှုပ်နေတဲ့ သူငယ်ချင်း ကိုကို မမ ညီငယ် ညီမငယ် များအတွက်
အသုံးဝင်မယ်ထင်ပါတယ်။

G-mail ကိုဘယ်လိုဖျက်မလဲ…..
(သိသင့်တယ်ထင်တာလေးတွေ...)


အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်

ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………

-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.

-Delete a Service အောက်က Delete G-mail Service ကို Click ပါ။

ဒီနေရာမှာ Close account and delete all service and info associated with it ကိုရွေးလည်းရပါတယ်။ဒီလိုရွေးချယ်မယ်ဆိုရင် ဖျက်ချင်တဲ့အကောင့်နဲ့သက်ဆိုင်သမျှ

i-google ,Google Docs စတာတွေပါ ပါသွားမှာပါ။

-Yes ,I want to permanently delete deletemememetoo@gmail.com and remove from my google account ကိုရွေးပါ။

-New Email Address နေရာမှာ သင့်ရဲ့ အီးမေးလ် လိပ်စာတစ်ခုခုအသစ်ရေးပါ။

G-mail က Secondary email ကိုသတင်းပေးရာမှာ အသုံးပြုလို့ပါ။ ဒီ E-mail က Google အတွက် သင့်မူပိုင်ပါပဲ။

-ဖျက်ပြစ်လိုက်တဲ့ E-mail ရှိ ၊မရှိ စောစောလေးက ပေးထားခဲ့တဲ့ Mail မှတစ်ဆင့်ပြန်စစ်ကြည့်ပါဦး။

-Current Password အောက်က G-mail Password ကိုဝင်ပါ။

-Remove G-mail ကိုရွေးပါ။

-Account-neroplyegoogle.com မှ Confirmation ကို သင်ပေးခဲ့တဲ့ Secondary account မှာ ဖွင့်ကြည့်ပါ။

-Deletion Link ကိုဝင်ပါ။

-Password ရိုက်ထည့်ပါ။ပြီးရင် Verify: ပေါ့။

OK ပြီနော်
facebook အကောင့်ကို မသုံးချင်တော့လို့ ဖျက်ချင်တယ်ဆိုရင်
အရင်ဆုံး ဖျက်ချင်တဲ့ အကောင့်ကိုဝင်လိုက်ပါ။ပြီးရင် ဒီလင့်လေးကိုသွားပါ။
https://www.facebook.com/help/contact.php?show_form=delete_account
submit ဆိုတာလေးကို နိုပ်လိုက်ပါ။password ရယ် သူပေးထားတဲ့ စာတွေရယ်ကို ဖြည့်ပေးပါ။
okay နှစ်ခါလုပ်ပေးပါ။အကောင့်ကို ဖျက်လိုက်ပါလိမ့်မယ်။
တကယ်လို့ စိတ်ပြောင်းသွားလို့ ပြန်လိုချင်တယ်ဆိုရင် 14ရက်အတွင်း အကောင့်နဲ့ပတ်စဝေါ့ပြန်ဝင်ရင် ပြန်ပြင်လို့ရပါတယ်။
14ရက်ကျော်သွားရင်တော့ တစ်သက်လုံးဝင်မရတော့ပါဘူးခင်ဗျာ။သေချာစဉ်းစားပြီးမှ ဖျက်နော်။
 ကွန်ပျူတာ ကိုင်တွယ်သူတိုင်းတွင် ရှိသင့်သော စာအုပ်လေး တစ်အုပ် ဖြစ်ပါတယ်။

စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။

Google သုတေသန Lab မှ G-mail အသုံးပြုသူများ ၄င်းတို့ပို့ထားသည့် Mail များကို ပြန်ဖျက်ပစ်နိုင်သည့် Feature တစ်ခုကို
ထည့်သွင်းပေးလိုက်ကြောင်း သိရပါသည်။
Undo Sent ဟု အမည်ပေးထားသော အဆိုပါ Feature ကြောင့် အမှားပါသော Mail များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု
Google က ဆိုထားပါတယ်။ မူလက G-mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူအနေဖြင့် ပြန်ဖျက် မပစ်နိုင်ပါဖူး။
အခု Feature အရ Mail ပေးပို့ပြီး ၅ စက္ကန့်မျှ အတောအတွင်း Undo ဖြင့် ဖျက်ပစ်နိုင်သလို နောက်ပိုင်းအချိန်ကြာမှ ဖျက်ပစ်လိုပါကလည်း Sent Mail ထဲရှိ မိမိ ပို့ထားသော
Mail ကို  Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှားနိုင်မည်ဖြစ်သည်။ ထို Feature ကို အသုံးပြုလိုပါက G-mail Account ထဲ ရှိ Setting ထဲတွင် Undo Sent နေရာလေးအား Enable ကလစ်လုပ်လိုက်ရုံပါပဲ။
Setting>Labs>Undo Sent>Enable>Save Changes ဆိုရင် ရပါပြီ။

အောက်မှာ ပုံနှင့်တစ်ကွ ပြထားပါတယ် လေ့လာကြည့်ပါ
ပထမ က Setting ကိုသွားပါ


ပြီးလျှင် Labs ကို ကလစ်ပေးလိုက်ပါ


ကလစ်ပေးပြီးတာနဲ့ အောက်သို့ဆွဲချပြီး Undo Sent ကို Enabel ပေးပြီးတာနဲ့ အောက်ဆုံးကိုဆွဲချပြီး Save Changes လုပ်ပေးလိုက်တာနဲ့ အရင်ပို့ထားတဲ့မေးတွေ
ပျောက်ပျက်သွားပြီ ဖြစ်ပါတယ်။။။

(ဖျက်ချင်မှ လုပ်နော် မဖျက်ချင်သေးရင် မလုပ်လည်းရပါတယ်....)
 Password change
      ကျွန်တော် နောက်တစ်နည်း password change နည်းကိုပြောပြပေးပါမယ်။ ဒီနည်းလမ်းကတော့ သူများစက်ကို password ပြောင်းချင်ရင် သူ့ရဲ့ မူလ password ကိုသိစရာမလိုပဲနဲ့ကို ပြောင်းလို့ရမယ့်နည်းဖြစ်ပါတယ်။
- ပထမအဆင်အနေနဲ့  start > Computer > Mange ကိုသွားပါ။

 - ဒုတိယအဆင့်အနေနဲ့ကတော့ Local Users and Groups > User > ထဲက ကိုယ်ပြောင်းချင်တဲ့ Account ကို ရွေးပြီး Right click နှိပ်ပါ။

 ပြီးရင် Set Password ကို click နှိပ်ပါ။ ကျလာတဲ့ boxမှာ Proceed ကိုရွေးပါ။

ကိုယ်ကြိုက်ရာ password ကိုပေးပါ။ ok ပြောပါ။ ဒါဆို ရပါပြီ။
                                

No comments:

Post a Comment