အောင် ကျော် ထွေး မှ ကြို ဆို ပါ တယ်

HTML Marquees

Get Blogger Falling Objects

Thursday, October 13, 2011

gtalk အကြောင်း



သိပြီးသားဖြစ်ကြမှာပါ.. အခုမှ စသုံးတဲ့ User တွေအတွက် ရည်ရွယ်လိုက်ပါတယ်..။
တစ်ချိန်ထဲမှာ gtalk အကောင့်နှစ်ခု ပြိုင်သုံးချင်တယ်ဆိုရင်တော့
ဒီလိုလုပ်လိုက်ဗျာ..

ပထမဆုံး Google Talk လိုဂိုကို right click နှိပ်ပြီး Properties ထဲကိုဝင်ပါ..
ပြီးရင် Short cut Tab အထဲက Target ဆိုတဲ့နေရာက "C:\Program
Files\Google\Google Talk\googletalk.exe" ရဲ့နောက်မှာ မခံပဲ (သို့)space
တစ်ချက်ခံပြီး /nomutex ကိုထည့်လိုက်ပါ..။ ပြီးရင် OK နဲ့ထွက်လိုက်ရင်
ရပါပြီ..။  
ဘလော့ထားသူကိုသူအကောင့်တွင်မိမ်အကောင့်မရှိအောင်လုပ်နည်း

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင်
မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove
လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat
လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ
ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင်
သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါ။ ပြီးရင် Contacts ကို ရှာပြီး Click
နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော
Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။
တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို
မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့
Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည်
ကျန်ရှိတော့မည် မဟုတ်တော့ပါ။.
ဒီအကြောင်းလေးကို ကျွန်တော်သွားနေကျဖြစ်တဲ့..MZ FORUMကနေ ကိုညမီးအိမ် ရေးသားချက်လေးပါ..
ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။
ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့ လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။ (ကျွန်တော်ဆိုရင် username မှာ as password မှာ as နှိပ်ပြီးနောက်လူတွေမမြင်ရအောင်ပိတ်ခဲ့ပါတယ်။)
ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။

(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့ ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကိုမှတ်မှာပေါ့နော် ) ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။

ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့ ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ် ) သွားပါပြီ။်ချက် (chat) ခဲ့တဲ့နာမည်တွေ မပေါ်အောင်လုပ်နည်းလေးပါ... 

gtalkမှမြန်မာပြည်ဖုန်းတွေကိုမက်ဆေ့ပို ရအောင်
gtalk ကနေ မြန်မာနိုင်ငံကို ဖုန်းMesge ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ ၁၀မီနစ်လောက်ကြာအောင်တော့ စောင့်ရတယ်။ ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။
အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။

gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar )အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ spacebar ခံရပါတယ်။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။ country code တွေ ခံစရာမလိုပါဘူး။ 095217892
ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပတ်တွေပါ။
တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။
နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။

မြန်မာမိသားစုဖိုရမ်မှ ကိုမင်းကိုထွေးရဲ့ပို့စ်ကို ကူးယူဖော်ပြပါသည်။


ဂျီတော့ ပတ်ဝေါမေ့နေရင် လူများ အကောင့်ကို ခိုးချင်ရင် ဒီနည်းလေးလဲအသုံးဝင်ပါတယ်
အခုနည်းက ကိုယ် လူတစ်ယောက်ရဲ့အကြောင်း ကိုတော်တော်လေးသိနေရင် အဲဒီလူရဲ့အကောင့်ကို တောင်ရအောင်လုပ်လို့ရပါတယ်ခင်ဗျာ..
ပထမဦးဆုံး ဂျီတော့ဘောက်က Forgot your password? ဆိုတဲ့ လင့်လေးကို ကလစ်ခေါက်လိုက်ပါခင်ဗျ ..
အဲဒီအခါကျရင် အနောက်က နေ ဝင်းဒိုးတစ်ခုကျလာပါလိမ့်မယ်
အဲဒီမှာ Password Assistance ဆိုတဲ့ခေါင်းစဉ်အောက်မှာ မိမိပတ်ဝေါမေ့နေတဲ့ အကောင့်ကိုရိုက်ထည့်ပါခင်ဗျ.. အဲဒီအခါကျရင် အင်္ဂလိပ်စာလုံးမညီမညာတွေနဲ့ ဘောက်ကျလာလိမ့်မယ် အဲဒီ စာလုံးတွေကို အောက်က သူ့ဘောက်ထဲမှာပဲပြန်ထည့်ပေးလိုက်ပါ … အဲဒီအခါကျရင် ကိုယ့်အကောင့်စဖွင့်တုန်းက ထားခဲ့တဲ့ security မေးခွန်းကိုမေးလိမ့်မယ် အဲဒီမေးခွန်းကို ဖြေပေးလိုက်ပေါ့ အဲဒီအခါဆို မှန်သွားရင် သူက ကိုယ့်ကို ပတ်ဝေါအသစ်ထည့်ခိုင်းပါတယ် အဲဒီအခါဆိုရင် အကောင့်ကိုပြန်ရပါပြီ ..
အဲဒီလိုမှမဟုတ် အကောင့်ကိုလူများဖွင့်ပေးလို့ security မေးခွန်းကို ဘာထားထားလဲဆိုတာကိုယ်ကမသိဘူးဆိုရင် ဂူးဂဲက ကိုယ်အကောင့်ဖွင့်တုန်းက ပေးတဲ့ secondary email အီးမေလ်းဆီကို စာပို့ပေးပါလိမ့်မယ် ကိုယ်က အဲဒီ secondary email အကောင့်မေလ်းကိုဖွင့်ပြီး အဲဒီမှာပါတဲ့လင့်လေးကိုဝင်လိုက်တာနဲ့ သူက ပတ်ဝေါအသစ်ထားခိုင်းပါလိမ့်မယ် အဲဒီလိုမှမဟုတ် ကိုယ်က အဲဒီအကောင့်ကိုဖွင့်ထားတာ မဟုတ်လို့ ဒါမှမဟုတ်သိပ်ပြီး နားမလည်လို့ security မေးခွန်းရော secondary email မသိဘူးဘူးဆိုရင်တော့ ဂူးဂဲက ကိုယ်မေ့သွားတဲ့အကောင့်ကို Reset Password ကျအောင်လုပ်ပေးလိုက်ပါ အဲဒီ Reset Password ကျအောင်လို့လည်း အရင်အကောင့်ဖွင့်တုန်းကထားခဲ့တဲ့ security မေးခွန်းကို တတ်နိုင်သမျှ အနီးစပ်ဆုံးဖြည့်ပေးပါ အဲဒီအခါကျရင် အင်္ဂလိပ်စာလုံး မညီမညာတွေကိုဖြည့်ခိုင်းပါလိမ့်မယ် အဲဒီအင်္ဂလိပ်စာလုံးတွေကို အတတ်နိုင်ဆုံးဖြည့်ပေးပါ နောက်ဆုံးမှာ အဲဒီအကောင့်ကို ဂုးဂဲက Reset Password ဆိုပြီးလုပ်လိုက်ပါလိမ့်မယ် .. အဲဒီ အကောင့် Reset Password ကျသွားပြီဆိုတာနဲ့တစ်ပြိုင်တည်း အဲဒီမှာစာတွေကျလာပါလိမ့်မယ် ..
To initiate the password reset process, please follow the instructions sent to your ******@gmail.com email address……………………………………..
ဆိုပြီး အင်္ဂလိပ်စာကြောင်းတွေအများကြီး ကျလာပါလိမ့်မယ် အဲဒီမှာ This Form ဆိုတဲ့ လင့်လေးကိုတွေ့ရပါလိမ့်မယ် အပြာရောင်လေးနဲ့ပါ အဲဒါလေးကို ကလစ်လိုက်ပါ မရ ရင် http://www.google.com/support/accounts/bin/request.py?ara=1 အဲဒါကိုကလစ်လိုက်ပါ အဲဒီအခါကျရင်တော့ သူမေးခွန်းတွေကျလာပါလိမ့်မယ် အဲဒီမေးခွန်းတွေမှာကြည့်လိုက်ပါ အောက်လေးကိုနဲနဲဆင်းလိုက်ပါ An email address we can use to contact you ဆိုတဲ့မေးခွန်းကိုတွေ့လိမ့်မယ် အဲဒီ မှာ ကိုယ်လက်ရှိ သုံးလို့ရနေတဲ့ အကောင့် ကို ရိုက်လိုက်ပါ ဥပမာ example@gmail.com ဆိုပြီးတော့ ရိုက်လိုက်ပါ ပြီးရင် အောက်ကိုထပ်ဆင်းလိုက်ပါ Describe the problem you’re experiencing ဆိုတဲ့မေးခွန်းကိုတွေ့လိမ့်ရလိ့မ်မယ် ကျွန်တော်ကတော့ I believe someone has taken over my account ဆိုတဲ့ မေးခွန်းကိုရွေးချယ်ပါတယ် နောက်ပြီးတော့ အောက်ကိုထပ်ဆင်းလိုက်ရင် Product information ဆိုတဲ့ခေါင်းစဉ်အောက်မှာ Do you use Gmail with this account? ဆိုတာကိုတော့မဖြစ်မနေ ရွေးပေးရပါလိမ့်မယ် အဲဒါကိုရွေးလိုက်ရင် ဘောက်တွေကျလာလိမ့်မယ် အဲဒီအခါကျရင် Gmail username နေရာမှာကိုယ် လိုချင်တဲ့အကောင့်ကို ( ပတ်ဝေါ မေ့နေတဲ့အကောင့်) ကိုရိုက်ထည့်ပေးလိုက်ပါ နောက်ပြီးတော့အောက်ဘက်မှာ Most recent secondary email address နဲ့ Do you have a verification code ဆိုတာကိုတွေ့လိမ့်မယ် အဲဒီအဆင့်ကိုကျော်သွားလို့ရပါတယ် ပြီးရင် အောက်မှာ Email addresses of up to five frequently emailed contacts ဆိုတာတွေ့လိမ့်မယ် အဲဒီမှာ ကိုယ်နဲ့ အရင်ချက်ခဲ့တဲ့ ဂျီမေလ်းယူဇာ ၅ ယောက် သုံးယောက်လောက်လည်းရတယ် အဲဒါကိုရိုက်ထည့်ပေးလိုက်ပါ ယူဇာနိမ်းတွေကိုရိုက်ထည့်ရမှာနော် ( ကိုယ်က လူများအကောင့်ကိုခိုးချင်ရင်လည်း ဒါတွေသိထားမှရမှာနော် ) အဲဒီလိုရိုက်ပြီးတာနဲ့ အောက်မှာ အဆင့် ၄ ဆင့်ရှိသေးတယ် အဲဒါတွေကိုကျော်လို့ရပါတယ် အောက်ကိုထပ်ပြီးဆင်းလိုက်ရင် Other account information ဆိုတာတွေ့လိမ့်မယ် အဲဒီမှာ Account creation date ဆိုတဲ့နေရာမှာ အကောင့်စဖွင့်တုန်းက လ ရယ် ခုနှစ်ရယ်ကို ဖြည့်ရပါမယ် (တစ်ကယ်လို့ ကိုယ်က ကိုယ်စိတ်ဝင်စားတဲ့လူရဲ့အကောင့်ကိုခိုးချင်တယ်ဆိုရင်တော့ သူ့ကို နဂိုတည်းက ဒီအကောင့်ကိုစသုံးတာ ကြာပြီလား ဘယ်တုန်းက စသုံးတာလဲဆိုပြီး နဲနဲမသိမသာမေးထားသင့်တယ် ဟီး ကျွန်တော့်အကျင့်တွေပြောပြနေတာ ) ပြီးရင်အောက်မှာ Last successful login date ဆိုတာကိုတွေ့လိမ့်မယ် အဲဒါက အကောင့်ကိုနောက်ဆုံးသုံးခဲ့တဲ့နေ့ရက်ပါ အဲဒါက တော့လွယ်မယ်ထင်တယ်နော် အဲဒါလေးဖြည့်ပြီးရင်တော့ အောက်မှာ Last password you remember ဆိုတဲ့ စာတန်းလေးကိုတွေ့ရပါလိမ့်မယ် အဲဒါလေးကတော့ အကောင့်ကိုသုံးခဲ့တုန်းက မှတ်မိသမျှထဲက ပတ်ဝေါ တစ်ခုခု ပါ ဟိုအရင်တုန်းက သုံးနေတဲ့ ပတ်ဝေါဆိုရင်လည်းလက်ခံပေးပါတယ် အရေးကြီးတာက အဲဒီ ကိုယ်ထည့်တဲ့ပတ်ဝေါကို အကောင့်မှာ တစ်ခါတစ်လေသုံးဖူးရင်တောင်ရပါတယ် အဲဒါလေးကိုဘေးကဘောက်လေးထဲမှာဖြည့်ပေးလိုက်ပါ (မိန်းကလေးတွေက များသောအားဖြင့် သူတို့ရဲ့မွေးနေ့ဒိတ် ဒါမှမဟုတ် ဖုန်းနံပါတ်တွေကို ပတ်ဝေါအဖြစ်ထားတတ်ကြပါတယ် ) အဲဒါလေးကလည်း အကောင့်ကိုခိုးချင်တယ်ဆိုရင်တောင် အရေးကြီးတဲ့အချက်ထဲမှာထည့်ပြီးစဉ်းစားသင့်တယ်နော် ပြီးရင်တော့ အောက်ဆုံးမှာ Submit ဆိုတဲ့ခလုပ်ကိုပျော်ပျော်ကြီးနှိပ်လိုက်ပေတော့ ဘော်ဘော်တို့ရေ ပြီးရင်ကိုယ်ခုနဖြည့်ထားတဲ့ An email address we can use to contact you ဆိုတဲ့ ခေါင်းစဉ်မှာ ဖြည့်ထားတဲ့ မေလ်းကိုဖွင့်ပြီးထိုင်စောင့်နေပေတော့ ကိုယ့်ဆီကို သိပ်မကြာခင်အချိန်တွင်းမှာ အများဆုံးနာရီဝက်အတွင်းမှာ ဂူးဂဲကနေ အီးမေလ်းတစ်စောင်ပြန်ဝင်လာပါလိမ့်မယ် Subjcet က တော့
Re: [#????????] I can’t access my account ဆိုပြီးကိုယ့်ဆီကို အီးလ်မေး ပြန်ဝင်လာပါလိမ့်မယ် အဲဒီအီးလ်မေးလေး ကိုဖွင့်လိုက်ရင် ပထမဆုံး အကြောင်းမှာပဲ https://www.google.com/accounts/ForgotPasswd ဆိုတဲ့လင့်လေးကိုတွေ့ရပါလိမ့်မယ် ( အဲဒါလေးကိုမတွေ့ရင် တော့ လုံးဝမရပါဘူး ထပ်ပြီးမေးခွန်းတွေမှန်အောင်ကြိုးစားလိုက်ဦးပေါ့ )အဲဒါလေးကို ကလစ်ပေးလိုက်ရင် Password Assistance ဆိုတဲ့ခေါင်းစဉ်နဲ့ ဘောက်တစ်ခုကျလာပါလိမ့်မယ် အဲဒီဘောက်မှာ ကိုယ်ခုန ပတ်ဝေါလိုချင်တဲ့ အကောင့်ယူဇာနိမ်းကိုပြန်ရိုက်ပေးလိုက်ပါ အဲဒီအခါကျရင် အင်္ဂလိပ်စာလုံး မညီမညာနဲ့ ကုဒ်တွေပြန်ရိုက်ခိုင်းပါလိမ့်မယ် အဲဒါကိုပြန်ရိုက်ပေးလိုက်ပါ သူမြင်ရတဲ့အတိုင်း ပြန်ရိုက်ပေးလိုက်ပါ ပြီးရင် အဲဒါရိုက်ပြီးတာနဲ့ temporary question? ဆိုတာ ကျလာပါလိမ့်မယ် အဲဒီ temporary question? အောက်မှာတွေ့လား Change your password by sending an email to your secondary address အဲဒီလင့်လေး အဲဒါလေးကို ကလစ်ပေးလိုက်ရင် ခုန က ကိုယ်ဖွင့်လို့ရတဲ့ မေးလ်ထဲကို ဂူးဂဲကနေ နောက်ထပ်တစ်စောင်ထပ်ပြီးပို့ပေးပါလိမ့်မယ် .. အဲဒီမေလ်းကိုဖောက်ဖတ်လိုက်ပါ Google Password Assistance
ဆိုတဲ့ခေါင်းစဉ်နဲ့ ဝင်လာမှာပါ အဲဒီအောက်မှာလင့်လေးတစ်ခုပါ ပါတယ် အဲဒါလေးကို ကလစ်လိုက်တာနဲ့ အိုကေပြီ ကိုယ်ကြိုက်တဲ့ ပတ်ဝေါ ကိုထည့်လိုက် ပေတော့ ဒါပေမယ့် ဒီနည်းက တစ်ခုတော့ရှိတယ်နော် သူ့ပတ်ဝေါ အဟောင်းကိုမသိရပါဘူး ကိုယ်က သူ့အကောင့်ကို အပြောက်ရိုက်လိုက် သလိုဖြစ်နေမှာပါ ဒီလိုနည်းနဲ့ ကိုယ့်အကောင့်မေ့နေရင်လဲပြန်လည် ဖော်ယူလို့ရပါတယ် …..ဒါပေမယ့် လူများအကောင့်ကို ခိုးတာတော့မကောင်းပါဘူး (ကျွန်တော့်ကိုယ်တွေ့ပေါ့ ) ဟဲဟဲ….. အတတ်နိုင်ဆုံး မလွှဲသာမှသာလုပ်ကြပါ .. တစ်ကယ်လို့မ ရ ရင် ကိုယ်လုပ်တာတစ်ခုခုမှားနေလို့ပါ မေးခွန်းတွေကို အတတ်နိုင်ဆုံးမှန်အောင်ပြန်ဖြေကြည့်လိုက်ပေါ့
ငါတော့ဒီနည်းလေးပဲသုံးတယ် …ပြီးမှ အကောင့်ပိုင်ရှင်ကိုတစ်နည်းနည်းနဲ့ပြန်ဆက်သွယ်ပြီး ပတ်ဝေါပြန်ပေးလိုက်ပေါ့ ……. ကိုယ့်အကောင့်ကိုဘယ်လိုကာကွယ်ရမလဲဆိုတာ နောက်အချိန်ရ ရင်ထပ်ပြီးပြောပြပါ့မယ် ………………………
alk အသုံးပြုသူတိုင်းမှာ အကောင့်တစ်ခုထက် ပိုပြီးရှိကြပါတယ်. တစ်ချို့ ဆို

၎-၅-၆ ခုထိရှိတာတွေ့ ဖူးပါတယ်.ဒီလို အကောင့်တွေများတော့ အကောင့်သစ်

ဖွင့်တဲ့နေရာမှာ Ph number တွေတောင်းလာတယ်...  အခုဆို Gmail အသစ်

ဖွင့်ဖို့ တော်တော်ကို  ခက်ခဲသွားပါပြီ..... .အခုတင်ပြချင်တာက   အကောင့်အ

ဟောင်းထဲက သူငယ်ချင်းတွေအားလုံးကို   အကောင့်အသစ်ကို  တစ်ယောက်

ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။  အကောင့်တစ်ခု က သူငယ်ချင်း

အကုန်လုံးကို နောက်အကောင့်  တစ်ခုကို   ပြောင်းထည့်တာပေါ့ ။   အရင်ဆုံး

gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailကstyle

တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် compose mail

,inbox တို့ အပေါ်မှာ  Contact ဆိုပြီး ရှိပါတယ် ။  အဲ့ထဲကို ၀င် ..  ။အဲ့ဒါဆိုရင်

အဲ့မှာ  ကိုယ့်သူငယ်ချင်းတွေ  အားလုံး ပေါ်လာပါလိမ့်မယ်။ အဲ့နေရာမှာ More

Action ဆိုတဲ့  နေရာလေးကို နှိပ် ပြီးရင်  export ...။ အဲ့လို export လုပ်လိုက်

ရင်တော့  google က  ဒေါင်းလုပ် ဖိုင်လေး တစ်ခုပေးပါလိမ့်မယ် ။    သူ့ အလို

လို .csv file ကို  ရွေးပြီးသားမိုဒေါင်းလုပ်လုပ်လိုက်ပါ ။  တစ်နေရာရာမှာ save

လိုက်ပေါ့ ။ ပြီးရင် ပြောင်းထည့်ချင်တဲ့   အကောင့် အသစ်ထဲကို ၀င် ..။ ခုန က

အဆင့်တွေအတိုင်း ပြန်သွား ။  ပြီးရင် More Action   ထဲမှာ   Import ကို နှိပ်

။ပြီးရင် ခုန က  ဒေါင်းလုပ် လုပ်ထားတဲ့   google.csv file ကိုရွေးပေးလိုက်ရင်

မိမိရဲ့ အကောင့်အဟောင်းထဲက  သူငယ်ချင်းတွေ   အားလုံးအကောင့်အသစ်

ထဲကိုတစ်ဦးချင်းစီ  လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။

ပြန်လည်မျှဝေသူက...မှော်ဆရာလေး    (hmawsayarlae@gmail.com)

နားမလည်သည်များကို  မှော်ဆရာလေးထံ မေးမြန်းနို

Gmail နဲ့ Gtalk အကောင့် Lock ကျသွားရင်ဒီလိုလေးလုပ်ကြည့်


Gmail၊Gtalk အကောင့်တွေ Lock ကျသွားရင် ဖြေရှင်းတဲ့  နည်းလေးတွေကို

ကြုံတဲ့အခါ သုံးရအောင်  ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်  လုပ်ပုံလေးက

လွယ်ပါတယ်  ဒီလင့်လေးကနေ  www.google.com/Display Unlock ကိုနှိပ်

ပြီး လုပ်လိုက် User Name နဲ့ Password ထည့်ပီး Unlock ကိုနှိပ်ပေးရုံပါပဲဗျာ



ဒီမှာအသေးစိတ်ရှင်းထားပါတယ် http://tech-wonders.blogspot.com/
မင်္ဂလာပါသူငယ်ချင်းတို့ရေ
ဂျီတော့အကောင့်မှာ ကိုယ်သိမ်းချင်တာတဲ့စာတွေ သိမ်းပြီး
လိုအပ်ရင်အလွယ်တကူ ပြန်ရှာနိုင်တဲ့ အကောင့်လေးတစ်ခုမျှဝေပေးလိုက်ပါတယ်
talk@mayafile.com ဒီအကောင့်လေးကို Add လိုက်ပါ 
online တတ်လာပြီ ဆိုရင်ရပါပြီ။
အဲမှာ ကိုယ်သိမ်းချင်တဲ့ စာတွေသိမ်းနိုင်ပါပြီ
store < ဒီမှာ သိမ်းချင်တဲ့အကြောင်းအရာတွေထည့်ပါ >
ရေးပြီးရင် enter ခေါက်လိုက်ပါ။
သူက ပြန်ပြောပါလေ့မယ်
I have stored your note.
ဆိုပြီးပြန်ပြောလေ့မယ် ဒါဆိုရင် သိမ်းလိုက်ပါပြီ။
အကြောင်းအရာတွေအများကြီးနေ့တိုင်းသိမ်းနိုင်ပါတယ်။
နောက်ကိုယ်သိမ်းထားတဲ့ဖိုင်တွေထဲက ကိုယ်လိုချင်တာလေးပြန်ရှာချင်တယ်ဆိုပါဆို
ဥပမာ ကိုယ်သိမ်းထားတဲ့ photoshop အကြောင်း
gtalk gmail အကြောင်းတွေ တစ်ခုခုပြန်ရှာချင်တယ်ဆိုရင်
find <ကိုယ်သိမ်းတဲ့ဖိုင်ထဲက ကိုယ်ရှာချင်တဲ့အရာ ထည့်ရေး ပါ >
ဥပမာ gtalk အကြောင်းသိချင်ရင် find <gtalk> ပေါ့
ပြီးရင် enter ခေါက်လိုက်ပါ အဲမှာ သူက auto ပြန်ရှာပေးပြီး message ပြန်ပို့ပါတယ်
ကျွန်တော်ကတော့ အရမ်းပဲအဆင်ပြေပါတယ်။
တကယ်လို့ သုံးရတာအဆင်မပြေဘူးဆိုရင် အဲမှာ help ဆိုပြီးရိုက်လိုက်ပေါ့
သူကဘာလုပ်ပါဆိုပြီး လမ်းညွန်ပါသေးတယ်။

မှတ်ချက် store နဲ့ < ကြားမှာ space တစ်ချက်ခြားပါတယ်။
find နဲ့ < ကြားမှာ space တစ်ချက်ခြားပါတယ်။

အားလုံးပဲ အဆင်ပြေပါစေ
လေးစားစွာဖြင့်
ဂျွန်ဖြိုး

No comments:

Post a Comment