ွGtalk Bot တစ်ခု ဖန်တီးကြမယ်( Creating Gtalk Bot)
ကြာခဲ့ပါပြီ 2009 လောက်ကတည်းပါ ဒါပေမဲ့မသိတဲ့သူတွေများသေးတဲ့အတွက် ပြန်တင်ပေးတာပါGtalk bot လုပ်နည်းကို mmgeeks အဖွဲ့က en2mm dictionary ကို Gtalk မှာရအောင် လုပ်ပြီး မြန်မာအွန်လိုင်းပရိတ်သတ်ကို bot တွေနဲ့ မိတ်ဆတ်ပေးခဲ့တယ်။ နောက် etrade myanmar က gtalk မှာပဲ sms ပို့ပေးတဲ့ bot တစ်ခုကို ဖန်တီးလိုက်ပြန်တယ်။ အခုနောက်ဆုံး technomation studio က mydirectory bot ကို ဖန်တီးပြလိုက်တယ်။
bot ဆိုတာ လူမဟုတ်ဘူးလေ။ Gtalk မှာ သူဟာအမြဲတမ်း အွန်လိုင်းဖြစ်နေလိမ့်မယ်။ သတ်မှတ်ထားတဲ့ အလုပ်တစ်ခုကိုပဲ လုပ်ပေးလိမ့်မယ်။ ဥပမာ technomation studio ရဲ့ mydirectory bot ဆိုရင် database query လုပ်ပေးတဲ့ bot တစ်မျိုးပဲပေါ့။ စာဖတ်သူရော အဲဒီလို လုပ်မကြည့်ချင်ဘူးလား။
ပထမဆုံးအနေနဲ့ bot ကို PHP နဲ့ ရေးရပါတယ်။ database တွေပါရင် MySQL နဲ့ပါ တွဲရေးပေါ့။ ဒီနေရာမှာ bot ကို PHP နဲ့တင် ရေးလို့ မရပါဘူး။ API တစ်ခုခုကို သုံးရပါလိမ့်မယ်။ www.imified.com ကထုတ်ပေးထားတဲ့ API ဆိုရင် တော်တော်လေးကောင်းပါတယ်။ သူ့ API ကိုသုံးပြီး ရလာတဲ့ bot ရဲ့ လိပ်စာဟာ botname@bot.im ဆိုပြီး ဖြစ်ပါလိမ့်မယ်။ ကဲ..အောက်မှာတော့ PHP နဲ့ imifield ရဲ့ API ကိုသုံးပြီး ရေးထားတဲ့ bot တစ်ခုရဲ့ coding ပါ။
switch ($_REQUEST['step']) { // user က ပထမဆုံး စာရိုက်ပြီး enter ခေါက်လိုက်တာနဲ့ step တန်ဖိုးက 1 ဖြစ်သွားပါတယ်။
case 1: //step တန်ဖိုး 1 ဆိုရင်
echo "Hi, what's your name?"; //မင်းနာမည်ဘယ်သူလဲဆိုပြီး bot က ပြန်မေးပါလိမ့်မယ်။ အဲဒီမှာ user က သူ့နာမည်ကိုရိုက်ပြီး enter ခေါက်ပါလိမ့်မယ်။ ဒါဆို step တန်ဖိုးက 2 ဖြစ်သွားပါပြီ။
break;
case 2:
echo "Hi " . $_REQUEST['value1'] . ", where do you live?"; // step တန်ဖိုး 2 ဆိုရင် အခုလို ပေါ်ပါလိမ့်မယ်။ $_REQUEST['value1'] ဆိုတာ step 1 တုန်းက user ရိုက်လိုက်တဲ့ စာကို ပြန်ဖော်ပြတာပါ။
break;
case 3:
echo "Well, welcome to this hello world bot, " . $_REQUEST['value1'] . "
from " . $_REQUEST['value2'] . ".";
break;
}
?>
ဒီ coding ကို notepad ထဲရိုက်၊ ပြီးရင် php ဖိုင်အနေနဲ့ သိမ်းပါ။ ပြီးတဲ့အခါ သူ့ကို PHP ရတဲ့ Free Web Server တစ်ခုခုမှာ သွားပြီး host လုပ်ရပါမယ်။ အဆင်ပြေဆုံး Free PHP Web server ကတော့ www.110mb.com ပါ။ register လုပ်လိုက်ရင် subdomain တစ်ခု ရပါတယ်။ ဥပမာ itmen.110mb.com ပေါ့။ အစောက php ဖိုင်လေးကို host လုပ်လိုက်မယ်ဆိုရင် ဥပမာ http://itmen.11mb.com/bot.php ဆိုပြီး ရပါလိမ့်မယ်။ အဲဒီ Link ကို ကော်ပီကူးထားလိုက်ပါ။
ပြီးတဲ့အခါ www.imified.com ကိုသွားပြီး register လုပ်ပါ။ ပြီးတဲ့အခါ login ၀င်ပြီး Bot Name မှာ bot ရဲ့ နာမည်ပေး၊ ပြီးရင် Bot URL မှာ bot တင်ထာတဲ့ Path (e.g itmen.110mb.com/bot.php) လမ်းကြောင်းကို ပေးလိုက်ပါ။ ဒါဆိုရင် ရသွားပါပြီ။
ပြီးရင် Gtalk လေးကို ဖွင့်ပြီး ကိုယ့် bot နဲ့ကိုယ် ပြောကြည့်ပေါ့ဗျာ။ ဘော့(bot) တစ်ကောင်လောက် ဆောက်ကြည့်ကြမလား။
တတ်လို့တော့ မဟုတ်ဘူး။ ရေးထားတာ မတွေ့သေးလို့ နည်းနည်း ဝင်အာချောင်ကြည့်တာပါ။ ဆြာကြီးများမှ ပြင်ဆင်/တည်းဖြတ်ပေးပါက လက်ခံပါတယ်ခင်ဗျာ။
ဘော့ bot ဆိုတာ ဘာလဲက စပြောမယ်နော်။ ဒီနေရာမှာတော့ အောက်ကလို အဓိပ္ပါယ်ဖွင့်ထားလေရဲ့။
ဘော့ဆိုတာ လူတစ်ဦး/ ပရိုဂရမ်တစ်ခုကို ကိုယ်စားပြုသူ (ဝါ) လူသားဆန်သော လှုပ်ရှားမှု့များပြုနိုင်သော ပရိုဂရမ်တစ်ခုဖြစ်ပါတယ်တဲ့။ သူ့ကို စပိုင်ဒါ (ဝါ)ကရေားလာ (crawler) လို့လဲ ခေါ်လေ့ရှိပီး၊ များသောအားဖြင့် ဝက်ဆိုဒ်များ၏ အချက်အလက်များ ရယူ မှတ်တမ်းတင်ရန် ဖန်တီးထားလေ့ ရှိကြောင်းသိရပါတယ်။ ဥပမာအားဖြင့် Google Search Engine ၏ crawler ဖြစ်ပါတယ်။
* chatterbot ဆိုတာကတော့ ဂျီတော့လို IM (instant messenger) တွေမှာ လူတစ်ယောက်လို တုံ့ပြန်လှုပ်ရှားနိုင်သူများ ဖြစ်ကြပါတယ်။
* shopbot ကျတော့ အင်တာနက်ထဲက ဆိုင်တကာ့ဆိုင် လျောက်ပတ်ပီး အကောင်းဆုံးဈေးနှုန်းကို ရှာပေးတတ်ကြပါတယ်။
* knowbot ဆိုတာကျတော့ ဗဟုသုတတွေ စုဆောင်းထားပီး၊ ချတ်လာတဲ့ user မေးသမျှ ဆီလျော်စွာ အဖြေပေးနိုင်အောင် တည်ဆောက်ထားတဲ့ ပရိုဂရမ်မျိုး ဖြစ်ပါတယ်။ ဥပမာ Google ၏ webtoim@gmail.com (သူက မေးချင်တာမေး ဖြေပေးတတ်ပါတယ်။ မိမိ၏ ဂျီတော့ဖရန့်စာရင်းထဲမှာ ရှိထားသင့်သော bot တစ်ကောင် ဖြစ်ပါတယ်။
* လူကို အကျိုးပြူသော တခြားဘော့တွေ အများကြီး ရှိပါတယ်။ ဥပမာ Googel ၏ dictionary ဘော့များ။ en2zh@bot.talk.google.com, zh2en@bot.talk.google.com စသည်...)
* လူကို အကျိုးမပြုသော (ဒုက္ခပေးရန်ရည်ရွယ်သော script များ ထဲ့သွင်းထားသည့်) ဘော့များလည်း ရှိပါတယ်။
ဘော့တစ်ကောင် ဆောက်ကြည့်ရအောင်။
ဦးဆုံးပြောလိုတာက ကျတော် စကရစ် (script) တွေ ဘာတွေ မတတ်ပါဘူး။ သူများရေးထားတာတောင် ကောင်းကောင်း ကောက်သုံးတတ်သူ မဟုတ်ကြောင်း ဝန်ခံပါတယ်။ ဒီတော့ လွယ်လွယ်ပဲ chatterbot တစ်ကောင်ဆောက်ကြည့်ပါမယ်။
chatterbot_.gif
ဘာတွေ လိုမလဲ။ သုံးခုလိုမယ်။
#၁) ကိုယ်ပိုင် အကောင့်တစ်ခု (ဥပမာ။ ကျတော်ဆို ayethein90 at gmail dot com ပေါ့နော်)
#၂) ကြိုတင်သတ်မှတ်ထားတဲ့ စာမျက်နှာတစ်ခု (ဥပမာ။ ကျတော် fc2 က ပေးတဲ့ free webspace မှာ စာမျက်နှာ (page) တစ်မျက်နှာ ဆောက်ထားတယ်။ botim.html ဆိုတဲ့ နာမည်နဲ့။ အဲ့အထဲမှာ What are you talking to me? ဆိုတဲ့ စာသားကလွဲလို့ ဘာမှ မပါဘူး။ ဘာနဲ့ ဆောက်သလဲဆိုတော့ notepad နဲ့။ အဲ့ စာကြောင်းလေးရေးပီး botim.html နာမည်နဲ့ save လိုက်တာ။ ပီးတော့ ဝက်ပေါ်တင်ပေးလိုက်တာ။ link က http://layhtankone.web.fc2.com/botim.html လေ။ အဲ့ လင့်ကလေး မှတ်ထားရုံပဲ။ မယုံရင် အဲ့လင့် ဝင်ကြည့် ဒီစာသားလေးပဲ လွယ်တယ်ဟုတ်?
#၃) ဘော့ဆောက်ခွင့်ပေးသော ဆိုဒ် (ဥပမာ။ http://www.imified.com ကျတော် အဲ့ဆိုဒ်မှာ အကောင့်ဖွင့်လိုက်တယ်။ ဘော့ဆောက်ဖို့ ဆိုတော့ developer အကောင့်ပေါ့နော်။ ပြီးတော့ create bot လို့ပြောရင် ပေါ်လာတဲ့ အောက်က စာမျက်နှာမှာ ဖြည့်ပေးလိုက်တယ်။ မိတ်ဆွေ ကိုယ်တိုင် ဆောက်ကြည့် အရမ်းလွယ်မှန်း သိပါလိမ့်မည်။
Bot Name မှာ ကိုယ် မှတ်သားချင်သလို အမည်ပေးလိုက်ပေါ့။
Screen Name မှာ ကိုယ့်ဘောကို သူများက ခေါ်စေချင်သလို ပေးလိုက်ပါ (ဥပမာ။ ကျနော့်အကောင်က ayeyar@bot.im ဆိုတော့ ayeyar ပေါ့။)
Bot Url မှာ အဆင့် #၂ က ဆောက်ခဲ့တဲ့ webpage ၏ url ကို ပေးလိုက်ပါ။
newBot.gif
ကဲ... ဘော့တစ်ကောင် ဆောက်ပီးပီလား။ သူများကို မအက်ခိုင်းခင် မိမိဘာသာ အရင်အက်ပီး ဆောက်ထားတဲ့ ဘော့နဲ့ စကားပြောကြည့်ပါနော်။
စကရစ်တွေ ရေးနိုင်ရင် ပိုကောင်းပါမယ်။ ဥပမာ။ မေးခွန်း၁)မှာ စားပီးပလား။ ၂) ဘယ်မှာ နေလဲ။ ၃) သူ့ကို စိတ်ဝင်စားတယ်။ ၄) တွေ့ချင်တယ် ရမလား။ ချတ်လာတဲ့ တဘက်သား ကြွေသွားပါမယ်။ အဲ အလိမ်မပေါ်ခင်အထိပေါ့ဗျာ။ ငှဲငှဲ...
ဒီထက်ပို အဆင့်မြှင့်ချင်ရင်တော့ GMail အကောင့်တစ်ခု (အဆုံးခံပီး) သုံးပီး အဲဒီ Gmail account နဲ့သာ ချိတ်ပေးလိုက်ပါ။ တကယ့်လူလို့ ထင်သွားစေမယ်။
ကျေနပ်တော့နော်။ ကိုဖြိုး၊ ချီခန့် ရေ။ စာပြန်နောက်ကျတာ ခွင့်လွတ်ပါ။ ကိုယ်တကယ်မအားလို့ပါ။ အပျင်းမကြီးပါဘူး။
တယ်ဂျင်းတို့ ဘော့ဆောက်ပီးရင်လည်း လက်တို့လိုက်ပါဦးနော်။ အက်ကြည့်ပေးမယ်လေ။ ပီးတော့ ဝိုင်းဟားကြရအောင်ပါ။
မှတ်ချက်။ အစက ပြောထားတယ်နော်။ လူကို အကျိုးမပြုသော (ဒုက္ခပေးရန်ရည်ရွယ်သော script များ ထဲ့သွင်းထားသည့်) ဘော့များလည်း ရှိပါတယ်လို့။ ဒီတော့ ခုနက ပြောသလို malicious code များ ထဲ့သွင်းထားသည့် ဘော့များ ဆောက်ခြင်းမှ ရှောင်ကြဉ်ပါရန်နှင့် ထိုသို့သော ဘော့မျိုး တွေ့ရှိပါက အများမှ ရှောင်ရှားနိုင်ရန် အချင်းချင်း လက်တို့အသိပေး ကြပါလို့တော့ ကြိုတင် တောင်းပန်ပါတယ်။စမ်းကြည့်ကြပေါ့ဗျာ။ပြီးရင်တော့ လိုက်မနောက်နဲ့ပေါ့ဗျာ။အသုံးဝင်မဲ့ bot လေး ဖြစ်အောင်တော့ လုပ်သင့်ပါတယ်ဗျာ။
reating Gtalk Bot
Botnet အကြောင်း တစ်စေ့တစ်စောင်း....
ကျွန်တော်ဖတ်မိတာလေးကို ဘာသာပြန်ထားတာလေးပါ ၊ လိုအပ်ချက်များ ၊ အမှာ အယွင်းများရှိခဲ့လျှင် ထပ်မံဖြည့်စွက်ရေး
သားပေးကြပါဖို့ ဖိတ်ခေါ်ပါတယ် ။ botnet ဆိုတာ ဘာလဲဆိုတာလောက်ကို မြန်မာလိုလေး သိသွားတယ်ဆိုရင် ကျွန်တော်
ရေးသားရကျိုးနပ်ပါပြီ ။
Q : bot ဆိုတာဘာလဲ ?
A : bot ဆိုတာ အများကြီးအကျိုးရှိတဲ့ ၊ အသုံးဝင်တဲ့ malicious program တစ်ခုပါ ။ အခုအချိန်မှာ auto ခိုင်းစေနိုင်တဲ့
Features တွေရှိနေပေမဲ့လဲ ၊ botnet admin ရဲ့ စေခိုင်းချက်အတိုင်း ပုံမှန်အားဖြင့် အလုပ် လုပ်ကြပါတယ် ။
Q : botnet ဆိုတာဘာလဲ?
A : botnet ဆိုတာ botnet admin ရဲ့command ပေး ထိန်းချုပ်ခြင်းခံထားရတဲ့ infected ဖြစ်နေတဲ့ computer များစွာ
ချိတ်ဆက်ထားတဲ့ network area တစ်ခုပါပဲ ။
Q : bot တစ်ကောင်က ဘာတွေလုပ်နိုင်လဲ ?
A : ပုံမှန်အားဖြင့် အောက်မှာဖော်ပြထားတဲ့ features တွေ bot တစ်ကောင်မှာ ပါဝင်နေတတ်ပါတယ် ။
* P2P Spreading (Limewire, uTorrent, etc.)
* IM Spreading (Sends to contacts on MSN, AIM, etc.)
* DDoS attacking
* Spam mailing to lists of emails (Often used to spread)
* Collecting personal information (Passwords, bank details and the like)
Q : bot တွေကို ဘာတွေလုပ်ပါဆိုတာကို ဘယ်လိုခိုင်းစေမလဲ?
A : ပုံမှန်အားဖြင့် bot တွေကို user က IRC channel တွေကနေတစ်ဆင့် commanded လုပ်ထားပြီးသားပါ ။ command
တွေက build in ဖြစ်ပြီးတော့ အဲဒီ command တွေအတိုင်း bot တွေဟာလိုက်နာဆောင်ရွက်ကြပါတယ် ။
Q : IRC channel ဆိုတာဘာလဲ ?
A : IRC ဆိုတာ Internet Relay Chat ပါ ။ IRC channel ပေါ်မှာ ကျွန်တော်တို့တွေ ကိုယ်ရေးကိုယ်တာ ကိတ်စတွေအပြင်
Group လိုက်ပါပြောဆိုဆက်သွယ်နိုင်ပါတယ် ။ IRC ကိုအသုံးပြုနိုင်ဖို့ ChatZilla, XChat or mIRC အစရှိတဲ့ chat client
Software တစ်ခုခု လိုအပ်ပါတယ် ။ IRC server ကို connect လုပ်ပြီး မိမိကြိုက်နှစ်သက်တဲ့ channel ကို join
လိုက်ယုံပါပဲ ။
Q : botnet တစ်ခုကိုရဖို့ ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်မလဲ ?
A : ပထမဦးစွာ ကျွန်တော်တို့ source code တွေနဲ့ အဲဒီ code ကို compile လုပ်နိုင်ဖို့ program တွေလိုအပ်ပါတယ် ။ Bot
အများစုကို C++ နဲ့ ဖန်းတီးထားကြပါတယ် ၊ ဒါပေမဲ့ မိမိကိုယ်ပိုင် botnet တစ်ခုရရှိလာဖို့ source code ကို compile
လုပ်ဖို့အတွက်က programming experience အများရှိဖို့မလိုအပ်ပါဘူး ။ လိုအပ်တဲ့ source code ကိုရှာပြီး bot name ၊
IRC channel နဲ့တစ်ခြားလိုအပ်တဲ့ Information တွေကို edit လုပ်ပြီး ဖန်းတီးလိုက်မယ်ဆိုရင် မိမိ instruction နဲ့
အလုပ်လုပ်မဲ့ botnet တစ်ခုကိုရရှိလာပါ လိမ့်မယ် ။
Q : ဘယ်လို bot မျိုးကို အသုံးပြုမလဲ ?
A : ဒါကတော့ အသုံးပြုသူအပေါ်မှာ မူတည်ပါတယ် ၊ ဘယ်လိုသုံးချင်တာလဲ ၊ ဘာအတွက်သုံးမှာလဲ ဆိုတာကိုလိုက်ပြီး
ရွေးချယ်သင့်ပါတယ် ။
Q : ကျွန်တော်တို့ အဲဒီကနေ money တွေရနိုင်တယ်ဆိုတာ ဟုတ်ပါသလား ?
A : ဟုတ်ကဲ့….အဲဒီလို အစွမ်းသတ္တိတွေရှိပါတယ် ။ ကျွန်တော်တို့ visit referral sites (or) download files bots တွေကိုဖန်
တီးနိုင်ပါတယ် ။ online မှာ ပုံမှန်ဈေးထက်အများကြီးသက်သာတဲ့ အကောင့်တွေကို ရောင်းနေတဲ့သူတွေအများကြီး
ပါ၊ အဲဒီလိုမျိုးတွေကို သူတို့ရဲ့ bot တွေကနေရှိလာတာပါ ။ ကျွန်တော်တို့ရဲ့ botnet ကတစ်ဖြည်းဖြည်းကြီးထွားလာတာနဲ
အမျှ professional IRC host ကို Transfer လုပ်ဖို့ ပိုက်ဆံတွေလဲ လိုလာပါလိမ့်မယ် ။
Q : ကျွန်တော်တို့ရဲ့ botnet ကို secure ဖြစ်ဖို့ ဘယ်လိုလုပ်သင့်လဲ ?
A : Offshore hosting ကအားလုံးထဲမှာ နံပါတ်တစ်ပါ ။ ဥပမာ - Sweden က dedicated hosting တွေပေါ့ ၊ ဘာလို့လဲဆို
တော့ အဲဒီ နည်းက ကျွန်တော်တို့ရဲ့ hosted server ကိုမည်သူနဲ့မှ sharing လုပ်မထားတဲ့အတွက်ကြောင့် network
အကြီးကြီးဖြစ်လာသည်အထိ ကိုင်တွယ်ထားနိုင်လို့ပါပဲ ။ နောက်တစ်ခုက IRC channel မှာ password ထားသင့်ပါတယ်။
ကျွန်တော်တို့သုံးတဲ့ bot ကလည်း undetected ဖြစ်တယ်ဆိုတာလည်းသေချာဖို့လိုပါတယ် ။
Q : လူအများစုကဘာအတွက် botnet ကိုအသုံးပြုကြတာလဲ ?
A : အဓိက ကတော့ botnet အများစုကို DDoS Attack အတွက်အသုံးပြုကြပါတယ် ၊ တစ်ချို့ကတော့ ကြီးမားတဲ့ botnet တွေ
ကိုတည်ဆောက်ပြီး သူတို့ရဲ့ bot တွေကိုရောင်းစားရုံသက်သက်ပဲ အသုံးပြုပြီး ကိုယ်ကျိုးစီးပွါးရှာကြပါတယ် ။
Q : bot တွေဘယ်လိုပျံ့နှံ့နိုင်သလဲ ?
A : bot အများစုဟာ torrent site တွေနဲ့ warez board တွေမှာ အများဆုံးပျံ့နှံ့ကြပါတယ် ။ တစ်ချို့သော bot အများစုမှာ
Auto-spread feature ပါလာပြီးသားပါ ၊ အဲဒါကြောင့် ကျွန်တော်တို့ ဘာမှမလုပ်ပဲနဲ့ bot 50 လောက်ကနေ 150 ကျော်
လောက်ကို အလိုလို ပျံ့နှံ့သွားနိုင်ပါတယ် ။
Q : ဘယ်လို bot အမျိုးအစားက အကောင်းဆုံးဖြစ်မလဲ ?
A : Java bot တွေဟာ popular အဖြစ်ဆုံးနဲ့ undetectable အပြည့်အဝ ပေးနိုင်ဆုံးပါ ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ victim မှာ
Java ရှိနေရပါမယ် ၊ အဲဒီလိုပါပဲ VB.Net နဲ့ရေးထားတဲ့ bot အတွက် .NET framework လိုပါတယ် ၊ VB6 နဲ့ရေးထားတဲ့
Bot အတွက် .ocx missing file ပြသနာနဲ့ကြုံတွေ့ရတတ်ပါတယ် ။ ဒါကြောင့် C++ နဲ့ရေးထားတဲ့ bot တွေသာလျှင်ရွေး
ချယ်ဖို့အကောင်းဆုံးပါ ။
Q : ကျွန်တော်တို့ရဲ့ bot ကို IRC server မှာ connect လုပ်ဖို့ ဘယ်လို့ configure လုပ်ရမလဲ ?
A : Bot အများစုမှာ instruction text file ပါလာပြီးသားပါ ။ တစ်ခြား ကွဲပြားတဲ့ bot အမျိုးမျိုးအတွက်လဲ tutorial တွေအများ
ကြီးရှိပါတယ် ၊ မိမိ bot နာမည်နဲ့ရှာလိုက်ယုံပါပဲ ။ တစ်ကယ်လို့ မိမိ bot နဲ့ပတ်သတ်တာဘာတစ်ခုမှရှာလို့မတွေ့ခဲ့ဘူးဆို
ရင် (Only for bot coded in C++) Config.h file ၊ ဒါမှမဟုတ် တစ်ခြားနာမည်နဲ့ဖိုင်ကိုဖွင့်ပြီး မိမိလိုအပ်သလို edit
လုပ်နိုင်ပါတယ် ။
Q : setup လုပ်ဖို့အာလုံးကလွယ်ကူပါသလား ?
A : ပုံမှန်အားဖြင့် configure ပြုလုပ်ပြီး compile လုပ်ဖို့ကလွယ်ကူပါတယ် ၊ ဒါပေမဲ့ IRC server မှာ setup လုပ်ဖို့ ၊ secure
ဖြစ်နေဖို့ ၊ bot တွေကို hidden အနေနဲ့ ရှိနေဖို့က beginner တစ်ယောက်အတွက်တော့မလွယ်ကူပါဘူး ။
No comments:
Post a Comment