ငါ.....
အိမ်မက်တွေနဲထုဆစ်ခဲ့လို့
ငါ့ဘ၀ဟာ......ရောင်းတမ်း
မ၀င်ခဲ့ပါဘူး
ကွက်ကြားရွာတဲံမိုးတွေကို
ကာကွယ်ဖိုအတွက်
ထီးတလက်မလိုအပ်ခဲ့ပါဘူး
ယုံကြည်ခြင်းတွေစားသုံးရင်းနဲံ
မိုးခါးေ၇တွေ...အန်ထုတ်ခဲ့
အမေရဲံမျှော်လင်ခြင်းတွေ
ထမ်းပိုးရင်းနဲ့ငါဟာ
အကြိမ်ကြိမ်လဲကြခဲ့
အောင်ကျော်ထွေး
ဦမင်းလူနှတ်ထွက်သွားခြင်း 
 ယောကျာ်းပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …. ။
ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မဝှက် ဖွင့်ပြောတတ်တာဆိုရင် … ။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …. ။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …. ။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
ရာသက်ပန် ဖျက်သိမ်းးးးး္ဒ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။
မင်းလူ
စည်းအပြင်ကလူကမ္ဘာကြီးလုံးလို့ အသတ်ခံရတဲ့ 
ကယ်လီလီယိုကိုဂုဏ်ပြုဖို့ 
ကမ္ဘာပြားအဖွဲ့ ကိုတည်ထောင်မယ်
ရာဇသင်္ကြန်အမတ်ကြီးရဲ့
ကွမ်းကလပ်ပဲ့ ကို ကိုင်ဆောင်ပြိးတော့
ပဲ့ ပြားပင်တွေကိုခုတ်ထွင်ရှင်းလင်းပစ်မယ်
ဘာမှမသိခြင်းကိုစားသုံးရင်းနဲ့ 
ဆော့ခရေတီ နဲ့ အတူအဆိပ်ခွက်
အတူသောက်မယ်
အများညီလို့ ဖြစ်တဲ့ကျွဲတွေကို
မောင်းထုတ်ဖို့  မားဆိုးလ်နဲ့အတူ
လမ်းလျှောက်ထွက်မယ်
အောင်ကျော်ထွေး
“အငြင်းဝါကျများ”
 
ရေစုန်မကြိုက်ဘူး
လှေကြုံမလိုက်ဘူး
ကိုယ့်ခွန်ကိုယ့်အားထက် စိတ်ချရတဲ့အရာ
ဒီကမ္ဘာမှာမရှိဘူး...
ဗေဒင်မလိုဘူး
ယတြာမလိုဘူး
လုံ့လ၀ီရိယထက် ယုံကြည်ရမယ့်အရာ
ဒီလောကမှာ မရှိဘူး...
ရေစုန်မကြိုက်ဘူး
လှေကြုံမလိုက်ဘူး
ကိုယ့်ခွန်ကိုယ့်အားထက် စိတ်ချရတဲ့အရာ
ဒီကမ္ဘာမှာမရှိဘူး...
ဗေဒင်မလိုဘူး
ယတြာမလိုဘူး
လုံ့လ၀ီရိယထက် ယုံကြည်ရမယ့်အရာ
ဒီလောကမှာ မရှိဘူး...
မေခလာမမျှော်ဘူး
ဒေ၀တာမမျှော်ဘူး
မိမိကိုယ်ထက် အားကိုးရမယ့်အရာ
ဒီဇမ္ဗူမှာ ဘာမှမရှိဘူး...
ခြေဖျားမထောက်ဘူး
အောက်ခြေမလွတ်ဘူး
မမြဲတဲ့တရားထက် မြဲတဲ့အရာ
ဒီဒ္ဓန္နယာမှာ ဘာမှမရှိဘူး...
ဒေ၀တာမမျှော်ဘူး
မိမိကိုယ်ထက် အားကိုးရမယ့်အရာ
ဒီဇမ္ဗူမှာ ဘာမှမရှိဘူး...
ခြေဖျားမထောက်ဘူး
အောက်ခြေမလွတ်ဘူး
မမြဲတဲ့တရားထက် မြဲတဲ့အရာ
ဒီဒ္ဓန္နယာမှာ ဘာမှမရှိဘူး...
အာရုံမများဘူး
ကာမဂုဏ်မမှားဘူး
ကိုယ်ကျင့်တရားထက် ဦးညွှတ်ရမယ့်အရာ
ဒီဘ၀မှာ ဘာမှမရှိဘူး...
ပြီးတော့
ဆွမ်းသွတ်မခိုင်းဘူး
အမျှဝေမခိုင်းဘူး
သတိမြဲသူရဲ့ ဘ၀ကူးထက် ကတိမြဲတဲ့အရာ
ဒီသံသရာမှာ ဘာမှမရှိဘူး.....။ ။
အမည်မသိကာမဂုဏ်မမှားဘူး
ကိုယ်ကျင့်တရားထက် ဦးညွှတ်ရမယ့်အရာ
ဒီဘ၀မှာ ဘာမှမရှိဘူး...
ပြီးတော့
ဆွမ်းသွတ်မခိုင်းဘူး
အမျှဝေမခိုင်းဘူး
သတိမြဲသူရဲ့ ဘ၀ကူးထက် ကတိမြဲတဲ့အရာ
ဒီသံသရာမှာ ဘာမှမရှိဘူး.....။ ။
 
 
 1:46 PM
 1:46 PM  ညီနေမင်း
 ညီနေမင်း  
 
 Posted in:
 Posted in: