အောင် ကျော် ထွေး မှ ကြို ဆို ပါ တယ်

HTML Marquees

Get Blogger Falling Objects

Tuesday, October 4, 2011

ကဗျာလေးတွေ

 ဦမင်းလူနှတ်ထွက်သွားခြင်း

 ယောကျာ်းပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …. ။

ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မဝှက် ဖွင့်ပြောတတ်တာဆိုရင် … ။

ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …. ။

ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …. ။

အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။

မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
ရာသက်ပန် ဖျက်သိမ်းးးးး္ဒ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။

မင်းလူ

စည်းအပြင်ကလူ
ကယ်လီလီယိုကိုဂုဏ်ပြုဖို့ 
ကမ္ဘာပြားအဖွဲ့ ကိုတည်ထောင်မယ်


ရာဇသင်္ကြန်အမတ်ကြီးရဲ့
ကွမ်းကလပ်ပဲ့ ကို ကိုင်ဆောင်ပြိးတော့
ပဲ့ ပြားပင်တွေကိုခုတ်ထွင်ရှင်းလင်းပစ်မယ်


ဘာမှမသိခြင်းကိုစားသုံးရင်းနဲ့ 
ဆော့ခရေတီ နဲ့ အတူအဆိပ်ခွက်
အတူသောက်မယ်


အများညီလို့ ဖြစ်တဲ့ကျွဲတွေကို
မောင်းထုတ်ဖို့  မားဆိုးလ်နဲ့အတူ
လမ်းလျှောက်ထွက်မယ်




အောင်ကျော်ထွေး
“အငြင်းဝါကျများ”

ရေစုန်မကြိုက်ဘူး
လှေကြုံမလိုက်ဘူး
ကိုယ့်ခွန်ကိုယ့်အားထက် စိတ်ချရတဲ့အရာ
ဒီကမ္ဘာမှာမရှိဘူး...

ဗေဒင်မလိုဘူး
ယတြာမလိုဘူး
လုံ့လ၀ီရိယထက် ယုံကြည်ရမယ့်အရာ
ဒီလောကမှာ မရှိဘူး...


မေခလာမမျှော်ဘူး
ဒေ၀တာမမျှော်ဘူး
မိမိကိုယ်ထက် အားကိုးရမယ့်အရာ
ဒီဇမ္ဗူမှာ ဘာမှမရှိဘူး...

ခြေဖျားမထောက်ဘူး
အောက်ခြေမလွတ်ဘူး
မမြဲတဲ့တရားထက် မြဲတဲ့အရာ
ဒီဒ္ဓန္နယာမှာ ဘာမှမရှိဘူး...



အာရုံမများဘူး
ကာမဂုဏ်မမှားဘူး
ကိုယ်ကျင့်တရားထက် ဦးညွှတ်ရမယ့်အရာ
ဒီဘ၀မှာ ဘာမှမရှိဘူး...

ပြီးတော့
ဆွမ်းသွတ်မခိုင်းဘူး
အမျှဝေမခိုင်းဘူး
သတိမြဲသူရဲ့ ဘ၀ကူးထက် ကတိမြဲတဲ့အရာ
ဒီသံသရာမှာ ဘာမှမရှိဘူး.....။ ။

မေမေ ရေ ...
အရိုင်းအစိုင်းမာယာတွေနဲ့တွေ့တိုင်း ခေါ်နေမိတာ အကြိမ်ကြိမ်ပေါ့
မေမေကတော့
လောကဓံ ဘယ်နှစ်ပါးဖြစ်ဖြစ် ထမ်းထားမှာပဲ ဆိုတဲ့ လူမျိုး
လာမယ့် အန္တရာယ် ရင်ဆိုင်တွေ့ ...
အဲဒီလို... ကျွန်တော့် ထမင်းပန်းကန်လေးကို ဖြည့်ဖြည့်ပေးခဲ့တာ ကြာပေါ့

ဒါပေမယ့်လေ
ကျွန်တော်ဆိုးသမျှက မေမေ့မျက်ရည်
ဒီလိုဆိုတော့လည်း မတရားဘူးနော် မေမေ...
မေမေ့ရင်ထဲကို ဆူးတွေထိုးထိုးသွင်းနေတဲ့ လူဆိုးလေးကျွန်တော်ပါ
မေတ္တာတရားကို တာဝန်မကျေခဲ့တဲ့ လူမိုက်ကျွန်တော်ပါ
အခုမှ နောင်တတွေနဲ့ မျက်ရည်ဝဲ
အဝေးကပဲ ရှိခိုး ဦးချနေရပါပြီ မေမေရယ်

"မေမေရဲ့သားနိုင်တယ်" ဇော်ဝင်းထွဋ်သီချင်းလေး ဆိုချင်တာပေါ့
အခုတော့ မေမေ့ မမြင်ကွယ်ရာမှာ အကြိမ်ကြိမ်ကျရှုံး
ဒါပေမယ့် ဘယ်တော့မှ လက်မမြောက်ခဲ့ပါဘူး
မေမေ့ရင်ထဲ ပျော်ရွှင်ခြင်းတွေပဲ ရွာသွန်းစေဖို့ ကျွန်တော်ကိုယ်တိုင် ရွာမယ့်မိုးပါ မေမေ
ဒီကဗျာလေးနဲ့ စ မယ်နော်။

အိမ်က ထမင်းဝိုင်းလေးလည်း နေရာတွေ လွတ်လို့ လပ်လို့ နေမှာ
တစ်နေ့နေ့ပေါ့ မေမေရယ်
အဲဒီတစ်နေ့နေ့မှာ မိသားစုကောင်းကင်ထဲ အတူတူ ပျံသန်းကြမယ်
ပျော်ရွှင်ခြင်း အတောင်ပံတွေ ဖြန့်လို့ပေါ့။
အဲဒီတစ်နေ့နေ့မှာ ကျွန်တော်ဟာ မေမေ့ရင်ခွင်ထဲမှာ ခိုနားနေတဲ့
သားလိမ္မာလေးဖြစ်နေလိမ့်မယ်
တစ်နေ့နေ့ပေါ့ မေမေရေ...

ဆုတောင်းခြင်းများ
မေမေ့ရဲ့ မေတ္တာဖြင့် ပြည့်ပါစေသား



မှော်ဆရာမလေး

(၁)
ငါ့ကို
အလွမ်းဘဏ္ဍာစိုး ခန့်ပါကွယ်။

(၂)
အချစ်ဆိုတာ မျက်လှည့်တစ်မျိုးပါပဲ။
မင်းက... မျက်လှည့်သေတ္တာထဲကနေ
ငါ့ အိပ်မက်တွေကို ဆွဲဆွဲထုတ်ပြတယ်...။
ပန်းသီးအပုပ်တစ်လုံး ဖြစ်သွားလိုက်
ဖဲချပ်တွေ ထွက်လာလိုက်
ပန်းပွင့်တွေ ထွက်လာလိုက်...နဲ့
ဟော... နောက်ဆုံး
ငှက်အဖြူလေးတစ်ကောင် ဖြစ်သွားပြီး
ဟိုး... အဝေးကြီးကို ပျံသန်းပျောက်ကွယ်သွားတယ်။

(၃)
ဘာမှ မကျန်ခဲ့တော့ဘူး။

(၄)
အစကတည်းကလည်း
ဘာမှ ရှိနေခဲ့တာ မဟုတ်ပါဘူး။

(၅)
မလိမ်မိုး မလိမ္မာနဲ့... ငါကသာ
မင်းကို အခါခါ ယုံခဲ့တယ်...။
စုန်းသွင်းခံထားရသူတစ်ယောက်လိုကို
ယုံခဲ့တယ်။

ငါ့ အိပ်မက်တောင်ယာကို ခုတ်လှဲ
အလွမ်းတွေကိုမှ ပျိုးကြဲသွားခဲ့တဲ့
လူကြီးလူကောင်း ငနဲမလေးရေ...
ဟောဒီမှာ ... ငါဆိုတဲ့ကောင်က
မီးကျွမ်းခံထားရတဲ့ စာရွက်တစ်ရွက်လို
လေတစ်ချက် တိုက်ခတ်လိုက်ရုံနဲ့
စိပ်စိပ်မြွာမြွာ ပဲ့ကြွေလွင့်စင်သွားရတော့မယ်။

(၆)
မင်းရဲ့ မျက်လှည့်သေတ္တာထဲက
နောက်ထပ်...ဘာတွေများ ဆွဲထုတ်ပြဦးမှာလဲ...?

(ရ)
ကောင်မလေးရယ်...
ပြောပါ...
ငါ ရပ်နေရမှာလား
ဆက်လျှောက်ရမှာလား ဆိုတာကို။


ကျနော်လေးစားရတဲ့ စာရေးဆရာ ကဗျာဆရာ (ကို) မင်းခိုက်စိုးစန် ရေးထားတာပါ ..

အားလုံးကို ခင်မင်တဲ့
မိုးသောက်

 

အမေကမွေး အပြင်ကကျွေးလို့ လူဖြစ်လာရတဲ့ ကျွန်တော် ဘ၀ခရီအစ မလှတဲ့ခြေလှမ်း မညီတဲ့အပြုံး ဘယ်သူမှမမုန်းအောင် နေခဲ့ရသူပါ အမေ.... မူကြိုအရွယ်ကလေးကဗျာတွေ အတူဆိုကြတော့ကျွန်တော့် နှုတ်ကဖွင့်ဟမရဆွံ့ အခဲ့လို့  ဆရာမက အပြုံးလေးနဲ့ နှစ်သိမ့် ပေးအိပ်တာတောင် အိပ်မပျော်ခဲ့သူပါ "အမေ" မူလတန်းအရွယ်စာသင်ခန်းအလယ် အမေအကြောင်း တစ်ခွန်းတစ်ပေါက်တစ်ယောက်မကျန် ခွန်းတောက်ဆိုလည်း ကျွန်တော်မပါနိုင်ခဲ့ဘူး``အမေ´´ အချိန်လွန်မြောက်အရွယ်ရောက်တော့ သားသိတဲ့ ``အမေ´´ သားရှိတဲ့ ``အမေ´´ ဘာကြောင့်မတူတာလဲ ``အမေ´´ ၀တ္ထုထဲက ``အမေ´` ရုပ်ရှင်ထဲက ``အမေ´´ သားဘ၀ထဲက ``အမေ´´ ဘာများကွားလို့ မတူတာလဲ``အမေ´´ အမေမနမ်းဖူးတဲ့ ပါး အမေးမသတ်ဖူးတဲ့ ဒီကျော ဘယ်သူ့ကိုမှ့ သားမပေးခဲ့ ပါဘူး``အမေ´´ စိတ်တွေလေလွင့် အိမ့်မက်လိုက်ဖမ်း အဆိပ်ပင်ရေဖျန်းမိလို့ သားဘ၀ပျက်ခဲ့ ဖူးပါတယ်``အမေ´´ DRUG တွေနဲ့ဖက် နွံမှာနစ်လည်း စိတ်ကိုပြန်တင်း အတင်းထလားခဲ သူပါ``အမေ´´ နှလုံးသားတစ်ခု အချစ်တုအတွက် သက်မဲ့ အသဲ ပလတ်စတစ်ရုပ်လည်း ဈေးကြီးပေးဝယ်ခဲ့ သူပါ``အမေ´´ ``အမေ´´ မသိခဲ့တာလား မသိချင်းတာလား ``အမေ´´ ရယ် သားတကယ် ထိခဲ့ ရတာတွေပါ ``အမေ့ နို့ဖိုးသားစပ်ချင်လည်း ``အမေ့´` နို့ရည် တစ်ပေါက်သာမျှ မသောက်ခဲ့ ရသူဟာဒီသားပါ``အမေ´´ ဟိုယခင်အဝေး ငယ်စဉ်ကျေးက ``မေမေ့´` ရင်ခွင်သားမ၀င်ဖူးလို့ ဒီသားမိုက်အပေါ် အချစ်ပျယ်လေသလား ``မေမေ´´ ရယ်

 
 

 

အရောင်မဲ့ မြစ်တစ်စင်း

အမေ....
ရင်ခွင်ကြားမှာ...
ပျိုးပြက်လင်းလက်နေတဲ့
သားအတွက် အနာဂါတ်တွေ
ကြယ်တွေရောင်စုံနဲ့
အမေက...ကျွန်တော့်အတွက်
လမင်းတစ်စင်းပါ....

အမေရယ်...
ဘ၀ခါးသက်သက်ကို
ပခုံးမှာထမ်းတင်လို့
သားအတွက်ဆို...
' တောင် ' ဖြိုဝံ့တဲ့အမေ..
လောကဒါဏ်ရဲ့ ရိုက်ပုတ်မှုကြောင့်
' ခါး ' လည်းချိနေရောပေါ့...

မှတ်မိသေးတယ်အမေ....
နှင်းတွေဝေတဲ့
ဆောင်းဦးပေါက်မနက်ခင်းတိုင်း
အမေ..မချမ်းနိုင်ရှာခဲ့ဘူး....
အဖြူအစိမ်း...ကျောင်းဝတ်စုံနဲ့
သားငယ်ရဲ့ အသွင်သဏ္ဍာန်ဟာ
အမေ့အတွက် ' အား ' ဖြစ်သတဲ့လားအမေ...

အမေရယ်...
ကျွန်တော်ကသိုးမဲတစ်ကောင်ပါ
ကြမ်းကြုတ်တဲ့ဝံပုလွေတွေကြား
' ရှင်သန်နေထိုင်မှု ' ဆိုတဲ့အရာကို
အမေက ပြသပေးခဲ့တယ်..
အမေ....
ဝကြ၀ဋ္ဌာက အနန္တတဲ့လား...
ကျွန်တော့်အတွက်တော့...
အမေဆိုတဲ့ ....နာမတစ်ခုက
အနန္တပါ......အမေ...

သားကိုထိရင်
မီးပွင့်မတတ်အမေ
ဆံဖြူတွေတောင်ပွင့်ပါရောလား....
လှလိုက်တာအမေ
ရင့်ကျက်မှုတွေနဲ့
အမေ့ရဲ့ မေတ္တာရေစီးသံတွေ
ကျွန်တော်အတိုင်းသား ကြားနေရတယ်...

ပြိုင်ဆိုင်မှုပြင်းထန်တဲ့လောက...
သားအတွက် မျက်နှာမငယ်စေဖို့
အမေရရှိခဲ့တဲ့ ပူပန်သောကတွေ
ကျွန်တော်မသိခဲ့ဘူးအမေ...
' မိဘ ' ရဲ့ အဓိပ္ပါယ်...
အမေ့ရဲ့ နက်ရှိုင်းမှု....
ကျွန်တော် လိုက်မမှီခဲ့ဘူး....

' သားငယ်...မင်းငိုရင်
အမေ့ရင်မှာ မချိဘူး ' တဲ့....
အမေငိုရင်ကော....
ကျွန်တော့်ရင်မှာ လှိုင်းထန်တယ်အမေ....
အေးချမ်းတဲ့ညနေတိုင်း
အမေ့ရဲ့ ဆုတောင်းသံ
" သားငယ်ဘေးရန်ကင်းပါစေ ...."
ကျွန်တော်ကြားယောင်ဆဲပါ....
အနေဝေးပေမယ့်
သွေးမအေးခဲ့ဘူးအမေ...
အမေ့ရဲ့ မေတ္တာတွေကြောင့်
ကျွန်တော်အေးချမ်းလျှက်ပါအမေ....

သက်တန့်ချို
11 May 201


ငါအနုလောမ

2010-09-14 18:31

ငါ့အတိတ်မှာ
ငါ့သိက္ခာချော်လဲဖူးခဲ့။

သို့ပေမယ့်
ငါ့စိတ်ကို
ငါ အိတ်မှာအသေအချာထည့်
ငါ့အတိတ်ကိုဆုတ်ဖြဲပစ်လိုက်ရဲ့။

ကဲ..ငါ့မိတ်ဆွေတို့ရေ…
ငါ့အရိပ်ဟာ
ငါ့အတိတ်ပါပဲ
ငါ့စိတ်မှာ
ငါ့လိပ်ပြာ သန့်ရှင်းခဲ့။

ခုတော့
ငါ့အိတ်မှာ
ငါသိက္ခာအပြည့်အဝနဲ့။ ။

ပိုင်စိုးဝေ



ငပိ
ရေမှာကူးခပ်ယင်း
ပျော်နေတဲ့  ငါ့ဘ၀ကို
ဖမ်းဆီးထုထောင်း
ဖိသိပ်တက်နင်း
လောက်တွယ် အရည်ထွက်
အဲဒီအရည်က
လျှာဖျားမြက်တဲ့ 
ငါးငံပြာရည်...တဲ့  ...........

ပြီးတော့..
ငပိကို မီးမြှိုက်လို့ 
ငရုပ်သီးစပ်စပ်နဲ့  ရောလို့ ထောင်း
ပူလောင်နာကျင်ခံခဲ့ရတဲ့ 
ငပိထောင်း
မြိန်လိုက်တာတဲ့ 
လျှာပေါ်မှာ မြက်ပြန်ရော.. ........

ဒါပေမဲ့ ..
အသားတော့ လာမထိနဲ့ 
ငပိစော်နံတယ်လို့ 
နှာခေါင်းရှုံ့ 
သြော်..
ငပိဘယ်လိုနေရပါ့ .........
 

 


Read more: http://aungkyawhtwe.webnode.com/news/%e1%80%a1%e1%80%b1%e1%80%99%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9%e1%80%80%e1%80%97%e1%80%ba%e1%80%ac%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%81%bf%e1%80%81%e1%80%ac%e1%80%b8%e1%80%80%e1%80%97%e1%80%ba%e1%80%ac%e1%80%85%e1%80/


1 comment: