အောင် ကျော် ထွေး မှ ကြို ဆို ပါ တယ်

HTML Marquees

Get Blogger Falling Objects

Friday, October 14, 2011

အကောင့်တခုနဲ လုပ်လိုရတာတွေ

Google Account မှ အမခဲ့ Service များ

Internet, Email & English ဆိုတဲ့ အသုံးလုံး ခေတ်ကြီးထဲမှာ လူတစ်ဦးတစ်ယောက်တိုင်းမှာ Email Account တစ်ခု ဒါမှမဟုတ် တစ်ခုနဲ့အထက် ရှိကြ ပါတယ်။
Chatting ၀င်ဖို့ Social Network မှာ Signup လုပ်ဖို့ သူငယ်ချင်းတစ်ယောက်ဆီကို Message ပို့ဖို့  သတင်း အသစ်တွေရှိရင် Alert လုပ်ဖို့ Blog တစ်ခုတည်ဆောက် နိုင်ဖို့ ကိုယ်ပိုင် Document တွေကို Online မှာ တင်ထားပြီး လိုအပ်ရင် Online မှာတင် တည်းဖြတ်နိုင်ဖို့ News Group တွေ Event Group တွေဖွဲ့ပြီး သတင်းအသစ်တွေ အသိပညာတွေ အပေးအယူလုပ်ဖို့၊ အရေးတကြီးလုပ်ရ မယ့် Event တွေကို အစီအစဉ်ဆွဲနိုင်ဖို့၊ သူငယ်ချင်းတွေ အစုအဖွဲ့လိုက်ဖွဲ့နိုင်ဖို့၊ မိမိကိုယ်ပိုင် Website တစ်ခု တည်ထောင်နိုင်ဖို့၊ မိမိစိတ်ကြိုက် Website လိပ်စာတွေကို Online မှာပဲ မှတ်သားထားပြီး ဘယ်နေရာရောက်နေ ရောက်နေ အလွယ်တကူ ပြန်ခေါ်ကြည့်နိုင်ဖို့၊ ကိုယ်ရှာဖွေ ကြည့်ရှုခဲ့တဲ့ Website တွေကို မှတ်သားထားပြီး အလွယ် တကူ ပြန်လည်ရှာဖွေနိုင်ဖို့၊  ကိုယ့်ရဲ့ပုံတွေကို Online မှာ တင်ထားပြီး Public ဒါမှမဟုတ် စိတ်ကြိုက် Member တွေသာ ကြည့်ရှုခွင့်ပေးဖို့၊ အလုပ်လျှောက်ဖို့ အဲဒါတွေ အားလုံးကို Email အကောင့်တစ်ခုရှိရုံနဲ့ လုပ်ယူလို့ ရပါတယ်။
အကုန်လုံး အခမဲ့ ရရှိနိုင်ပါတယ်။ နှစ်စဉ်ကြေးတွေ လစဉ်ကြေးတွေ Signup ကြေးတွေပေးစရာမလိုပါဘူး။ ပေးရမယ့်အခကြေးငွေက တစ်ခုပဲရှိပါတယ်။ Internet အသုံးပြုခပါ။ တစ်နာရီ ၅၀၀ ကျပ်တန်ဆိုင်မှာ သုံးရင် တစ်နာရီ ၅၀၀ ကျပ်ပဲကျမှာပါ။ တစ်နာရီ သုံးရာကျပ် တန်ဆိုင်မှာ သုံးရင်တော့ ၃၀၀ ပေါ့။ အိမ်မှာ လိုင်း လျှောက်ပြီးသုံးလဲ လိုင်းအတွက် နှစ်စဉ်ကြေး လစဉ်ကြေး တွေပဲ ပေးရမှာပါ။ Google Services ကိုသုံးလို့ ဘာအခွန် အခမှ မရှိပါဘူး။
Internet ပေါ်က Services အကုန်လုံးရဲ့ Identity က Email အကောင့်တစ်ခုတည်း ဖြစ်သွားနိုင်ပါတယ်။ အပြင်မှာဆိုရင်တော့ NRC သို့မဟုတ် FRC (National / Foreign Registration Card) မှတ်ပုံတင်ကဒ်လိုပေါ့။ Web ပေါ်က Services တွေ Internet ပေါ်က Application တွေ ဒီလုပ်ဆောင်ချက်တွေ အကုန်လုံးကို ဒီ Email တစ်ခု တည်းနဲ့ ထိန်းချုပ်သွားတော့မှာပါ။ Email အကောင့်ထဲ ၀င်လိုက် ပြီးရင်တော့ Services တွေ အကုန်လုံးကို ထိန်းချုပ်နိုင်ပါပြီ။ ထိန်းချုပ်ရလွယ်တာပေါ့။ ကဲ့ ... google account ကို ဘယ်လိုသုံးကြမလဲ။
အဓိက သုံးကြတာကတော့ gmail အတွက်ပေါ့။

No comments:

Post a Comment