Recycler virus ကို ဘယ်လို သတ်မလဲ
ဒီနေ့တော့  စိတ်ပျက်တာကို ဘေးနားမှာထားပြီးတော့ ပို့စ်လေးတစ်ခုကို ရေးလိုက်ပါတယ် .  မေးတဲ့သူကတော့ များပါတယ် . အစ်ကိုရယ် recycler virus ကို ဘယ်လို သတ်မလဲတဲ့.  အောက်မှာ တင်ပေးလိုက်တဲ့ဖိုင်လေးကို မိမိသုံးနေတဲ့ စက်ထဲမှာ Run လိုက်ပါ .  Run ပြီးတာနဲ့ ခဏစောင့်လိုက်ပါ .. အားလုံးပြီးသွားတာနဲ့ စက်ထဲမှာ လုံးဝ  ဖျက်လို့မရဘူးဆိုတဲ့ Recycler virus ဖိုင်တွေ အကုန် ပျက်သွားတာကို  ၀မ်းမြောက်ဖွယ်ရာ တွေ့ရမှာပါ . အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .
Download
No Delete virus သတ်နည်း
kyawsoewin. ygn.24 : ကိုညီနေမင်း  ကျွန်တော့ တစ်ချက်လောက် ကူညီပေးလို့ ရမလားခင်ဗျာ ကျွန်တော့ရုံးက စက်တွေမှာ  No Delete ဆိုတဲ့ Virus ၀င်နေတာ ဘယ်လိုမှသတ်လို့ မရဘူးဖြစ်နေတယ် အစ်ကိုအဲ့  Virus ကိုသတ်လို့ရတဲ့ ဆော့ဝဲလ်ရှိရင် ဒါမှမဟုတ် သတ်လို့ရတဲ့နည်းရှိရင် .  တစ်ချက်လောက် ကူညီပြီး ရှာပေးပါလားဟင် ကျေးဇူးအများကြီး တင်ရှိပါတယ်။
1. Start>Run တွင် msconfig ရိုက်ပြီး enter ခေါက်ပါ။
2. Services tab ကို နှိပ်ပြီး Services စာရင်းတွင် ‘windows netware work information setup keep’ တွင် right click နှိပ်ပြီး stop ကိုနှိပ်ပါ။
3. ထို့ နောက် Start>Run တွင် %systemroot% ဟုရိုက်ပြီး wcybsvc.exe, wcynsvc.ocx ဖိုင်များကိုဖျက်ပါ။
အရင်က netguide journal မှာ ဖော်ပြထားတယ်လို့တော့ သိရပါတယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်
 1:46 PM
 1:46 PM  ညီနေမင်း
 ညီနေမင်း  
  
 
No comments:
Post a Comment