အောင် ကျော် ထွေး မှ ကြို ဆို ပါ တယ်

HTML Marquees

Get Blogger Falling Objects

Monday, October 10, 2011

အကောင့်ဖွင့်မရသူများအတွက်

 အဆင်ပြေသွားပြီ







ဂျီမေးလ် အတိုင်းပဲ ၊ setting တွေ အားလုံးလို တူတယ်
ဂျီတော့ လ် မှာလည်း ၀င်လို့ ရတယ် ၊ ဂျီတော့ လ်က သူငယ်ချင်းတွေကိုလည်း လှမ်းဖိတ်ပြီးချက်လို့ ရတယ်ဗျ
free ရပြီးတော့  phone နံပတ် လည်းမတောင်းပါဘူး

ဂျီတော့ လ်မှာ ၀င်ရင် နာမည်ရဲ့ နောက်မှာ @blumail.org ဆိုတာလေး ထည့် ပေးရပါတယ်
mail ထဲ ၀င်ချင်ရင်တော့  http://mail.blumail.org လို့  ရိုက်ပြီး ၀င်နိုင်ပါတယ်
gmail နဲ့  ဆင်တူတာမို့  သုံးရတာ လွယ်ကူပါတယ်

ဒီနေရာမှာ  သွားပြီး မှတ်ပုံတင်လိုက်ပါ

မသိသေးသူများ အတွက်ရည်ရွှယ်ပါတယ်နော်

တောင်းဆိုထားသော ဂျီမေးလ်ဖွင့်နည်းလေးပါ..

ကဲဒီနေ့တော့်..ကျွန်တော့်ကိုအမြဲတမ်းတောင်းဆိုထားကြတဲ့ ..အကြောင်းလေးပါ ဘာလည်းဆိုတော့်..မြန် မာနိုင်ငံက ဂျီမေးလ်အကောက်လုပ်မရသူတွေအတွက်..လုပ်နည်းလေးပါ အဲဒါကိုအပြည့်စုံတင်ပေးလိုက်ပါတယ်..
ပထမဦးဆုံး ဒီနေရာကနေဒေါင်းလော့လုပ်လိုက်ပါ ဆော့်ဝဲလေးကိုရမ်းလိုက်ရင်..အခုလိုပုံကိုမြင်ရမှာပါ
(၁)
create an account လို့ရိုက်ထည့်လိုက်ပါ..ပုံ(၂) ကျလာမယ်နော..
အဲကနေ create an account ကိုရွှေးလိုက်ပါ
(3)


အဲမှာ ဖြေဖို့ဘောက်ကျလာပါ့မယ်..
အဲဒါကတော့်ဖြေလိုက်နော်ဖြေတက်မှာပါ .


.သတိထားရမှာက ..location ကို united states ထားရပါမယ်..ဘာလို့လည်းဆိုတော့် အမေရိကန် proxy နဲ့သုံးမှာမို့လို့ပါ(4)
အဲလိုဖုန်းနံပတ်တောင်းတဲ့အကွက်ကျလာပါတယ် အဲအပိုင်းကိုခဏချန်ထားလိုက်ပြီး home page ကိုပြန်သွားလိုက်ပါ..ပြိးရင် http://www.google.com/voice/ ကိုကောပီကူးထည့်လိုက် ပြီးရင်အန်းတာ ခေါက်လိုက်ပါ.(5)
အဲမှာအဲလိုရိုက်ထည့်ပေးလိုက်ရင်မေးဝင်ဖို့ဘောက်ကျလာမယ်..အခုလို ကိုယ်သုံးမယ့် မေးနဲ့ ၀င်လာပါ
(6)
.(7)
ဝင်လိုက်မယ်ဆိုရင် အခုလိုပုံလေးရပါမယ်အဲကနေ upgrade  အနီလေးနဲ့ရေးထားတာတွေ့လား နှိပ်လိုက်ပါ.
(8)
.
အဲလိုပေါ်လာမယ် အဲကနေ I want a new number ကိုရွှေးလိုက်ပါ
(9)
ဒါဆိုရင် သူငယ်ချင်းထည့်ချင်တာကိုထည့်လို့ရပါတယ်ဒါပေမယ့်ကျွန်တော်ထည့်တဲ့အတိုင်းပဲလိုက် ထည့်ပါ 6 လုံးနော်  ပြီးရင် search number လုပ်လိုက်နော်
(10)

အဲ အရေးကြီးလာပြီဗျာ..ကြိုက်တဲ့ နံပတ်ကိုယူလို့ရတယ်နော်..ဒါပေမယ့် လွယ်အောင် အပေါ်ဆုံးကိုယူမယ်
အမှန်ခြစ်ပေးလိုက်နော်..ပြီးရင်ကောပီကူးလိုက်  အဲနံပတ်ကို 2345643159 ဆိုတာကိုပြီးရင် သေချာ မှတ်ထားနော်(11)
ခုနမှတ်ထားတာကို ညာဘက်က ကျွန်တော်ထည့်ပြထားတယ်  telephone number အကွက်မှာ သွားထည့်ပါ..ပြီးရင် အောက်ကပုံကို ဆက်ကြည့်ပါ (12)

အဲကနေ continue ကိုကလစ်လိုက်ပါ
(13)


အခုပုံရပါတယ်pin ထည့်ကြမယ် .1234 ကိုထည့်ပေးလိုက်ပါ နှစ်ကွက်လုံးနော် ပြီးရင် I accept google voices ကိုအမှန်ခြစ်နော် ပြီးရင် continue လုပ်ပါ..
(14)

အဲပုံပေါ်လာပီး..သတိထားတော့်ဘာမှဆက်လုပ်မပစ်နဲ့နော် 
(15)… 

အဲညာဘက်က အကွက်ကို ပြန်သွား  ..phone number ထည့်တဲ့ အကွက်လေ ..ခုနကထည့်ထားတဲံဖုန်းနံပတ်ထည့်တဲ့နေရာ က send vericification code ကိုနှိပ်လိုက်ပါ.ဒါဆိုရင် .အဲဒီအပိုင်းကို ခဏထားခဲ့ဦး
(16)


ဒီအကွက်ကိုပြန်လာ ပြီးရင် cancel setup ကိုနှိပ်လိုက် ဒါဆိုရင်  90 ရာခိုင်းနှုန်းလောက် ပြီးနေပီ  
(17)

အဲပုံထပ်ပေါ်လာမယ်နော်ဒါဆိုရင်နံပတ်ရွှေးရတာ့်မယ်အမေရိကန်အချိန်ကိုသိဖို့လိုတယ်..မသိလည်းရတယ်အခုမှစမ်းလုပ်ရင်တော့်..ပြသနာမရှိဘူး တစ်ခုတည်းရှိနေမှာ ..ကျွန်တော် ဟာက ခဏခဏလုပ်ရလို့ အမျာြးီကီးဖြစ်နေတာနော်အပေါ်ဆုံး အမှာတွေ့လား အပြာနဲ့ရေးထားတယ်..936417 ဆိုတာ အဲဒါကကျွန်တော်တို့ထည့်ရမယ့် ကုဒ်ပဲ သူငယ်ချင်းတို့ နဲ့တော့်.မတူဘူးနော်.အဲမျိုးနေရာမှာရှိတာကိုရှာထည့်……ဘယ်မှာထည့်ရမလည်းဆိုတော့်သိတယ်နော် 


 

အဲမှာထည့်ရမှာ 
 .ခုနတုန်းက ဒီအဆင့်ကိုချန်ထားခဲ့တယ်လေ အင်း အဲမှာ အဲကုဒ်ကိုထည့် ..လိုက် ပြီးရင် verify လုပ်လိုက် ..ဒါဆို ပြီးမြောက်အောင်မြင်သွားပြီး..သင်အကောက်တစ်ခုရသွားပြီး
ဒီအပိုင်းနဲ့ပတ်သက်လို့ နားမလည်ဘူးဆိုရင်.c box မှာ ဖြစ်ဖြစ် မေးလ်ကို ဖြစ်ဖြစ် စာရေးထားနိုင်ပါတယ်. လူတော်တော်များများက အကောက်တစ်ခု ၊တစ်ခု ခဏခဏသူများကို လုပ်ခိုင်းတယ်မလိုတော့်ဘူး အခု .ဟုတ်တယ်မလား.ကိုယ်လုပ်တက်ရင် တစ်ခုမက  အများကြီးကို
အချိန်မရွှေးလုပ်လို့ရတယ်..ပိုက်ဆံလည်းကုန်ဘူးဗျာဟုတ်တယ်မလားကဲစကားလည်းရှည်နေပီး..
အားလုံးအဆင်ပြေကြပါစေဗျာ..အဲနေဦး မေ့နေလို့..ခုမှ ဒီနည်းလေးကို လမ်းညွန်ပြသပေးတဲ့ ..သူငယ်ချင်းတစ်ယောက်ပြောလို့မှတ်မိတာ...ဟဲဟဲ ..အကောက်တစ်ခုလုပ်ပြီးတိုင်းလုပ်ပြီးတိုင်း....voice mail ကို sign out လုပ်ရမယ်နော်..မလုပ်ရင်...အယ်ရာတက်ပြီး..လုပ်မရဖြစ်တက်တယ်....ဒါလေးသတိထားနော်...

သူငယ်ချင်းလေး(hak.ttn@gmail.com) ရှာဖွေပေးထားတဲ့ နည်းလမ်းလေးကို ဘလော့တင်ပေးလိုက်တာပါ.
သူငယ်ချင်းများ အားလုံးပျောရွှင်စွာ အကောက်သစ်များများနဲ့ ဆော်များများကို ..ကြူနိုင် ကြပါစေ...
အဲဟုတ်ဘူး....ဘဲများများကိုလည်း...ပဲများများလေးနှင့်..
.အကောက်မျိုးစုံသုံးရှောင်ရှားနိုင်ကြပါစေဗျာ...

နေဇော်ထွေး

န်မာပြည်မှ account အသစ်ဖွင့်ချင်သူများအတွက်ပါ ပထမတခုတင်ပေးထားတာက သုံးရတာ အဆင်မပြေတာတွေရှိနေပါတယ် ဒါလေးကတော့ အဆင်ပြေမယ်လို့ထင်ပါတယ်.......
Step 1. https://hidemyass.com/ ကိုရိုက်ထည့်ဖွင့်ပါ။


Step 2. box ထဲတွင် http://mail.google.com ရိုက်ထည့်ပြီးဘေးက Hide My Ass button နှိပ်ပါ။ Access denied ဟုပေါ်လျှင် https://mail.google.com ဟုရိုက်ထည့်ပါ။



Gmail ရဲ့ Features အတိုင်းပေါ်လာပေမည်။ Create an account နှိပ်ပါ။

Step 3. အောက်ပါအတိုင်း မေးလ်အကောင့်လုပ်နိုင်ပါပြီဗျာ...။

ှတစ်ခုတော့ရှိတယ်။ Login Name ကို Check Availability တော့စစ်မရဘူး။ အကုန်ဖြည့်သွား နောက်ဆုံး Account လုပ်မယ်လို့ နှိပ်လိုက်တဲ့အခါမှ ကိုယ်ထည့်တဲ့ Login Name က မရရင် ပြန်ထည့်ရတယ်။ အဲ့တစ်ခုတော့ စိတ်ရှည်ရတယ်ဗျ။ ကျန်တာ ဘာမှ ပြဿနာမရှိ။ ကိုယ်ထည့်တဲ့ Login Name ရပြီဆိုရင်တော့ မေးလ်အသစ်လုပ်ပြီးသွားပါပြီ။ ဒါဆို အောက်ကအတိုင်း ပေါ်လာပါမယ်။




Step 4. ကဲ... အကောင့်သစ် ရ မရ gtalk မှာဖြစ်ဖြစ် ၀င်စမ်းကြည့်လိုက်ပါ။ တခါတည်း မီးအစိမ်းလေးလင်းလာရောဗျာ...။
gmail တွေ ပိတ်ထားတော့  အကောင့် သစ်လိုချင်တာတောင် နိုင်ငံခြားက သူငယ်ချင်းတွေကို လုပ်ခိုင်းနေရတယ်
အခုတော့  အဆင်ပြေသွားပြီ
Posted: 28 Oct 2011 08:25 AM PDT
ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 
အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် .. 
ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ ..  ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..
အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် ..  နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..
Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..
ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် ..  15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @  % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..
ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် .. 
မြန်မာပြည်မှ Phone Verification လုပ်ဖို့  အခက်အခဲ ရှိသူများ ကူညီပေးပါမယ် ..  ကျွန်တော့်ကို G-mail အကောင့်နဲ့ Password ပေးပြီး အကူအညီတောင်း နိုင်ပါတယ် .. nayminmaung89@gmail.com သို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ပါတယ် ..  ပြည်ပမှ သူများကတော့ ကျွန်တော် အခုရှင်းပြထားတာကို ကြည့်ပြီး လုပ်လိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ပါတယ် .. 
ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ် ဆိုရင် အောက်ကလင့်မှာ ယူလိုက်ပါ .. 

Download  Ifile.it Download  Mediafire
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

No comments:

Post a Comment